October 19, 2024

၂၂. ၁၂. ၂၀၂၃
Written by Nay Moe

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၅၇ ရပ်ကွက်မှာ ကွမ်းယာဆိုင်ကို Bluetooth Speaker နဲ့ ဖောက်ခွဲတိုက်ခိုက်တာကြောင့် ကွမ်းယာရောင်းတဲ့အမျိုးသမီးကြီးတစ်ဦး လက်ပြတ်ပြီး ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ကနဦးသိရပါတယ်။

ဖြစ်စဥ်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၅၇ ရပ်ကွက်၊ ဇေယျာမြိုင်လမ်းမှာ ဒီဇင်ဘာ ၂၁ ရက် မနက် ၈ နာရီခန့်အချိန်က ဒေါ်….. ( ၅၅ နှစ် – ကွမ်းယာရောင်းသူ)ဟာ ကွမ်းယာရောင်းဖို့ ဆိုင်ကို ရောက်လာချိန် ကွမ်းယာဆိုင်ထိုင်ခုံအောက်က Bluetooth Speaker တစ်ခု တွေ့လို့ ကောက်ယူလိုက်ချိန် Bluetooth Speaker က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် ဒေါ်….ဟာ မျက်နှာမှာ ပေါက်ကွဲစထိမှန်ဒဏ်ရာတွေ၊ ယာလက်ချောင်း (၃)ချောင်း ပြတ်ထွက်ဒဏ်ရာ၊ ယာလက်ဖဝါးနှင့် ဝဲလက် ပေါက်ပြဲဒဏ်ရာ၊ ဝဲပေါင် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

Bluetooth Speaker သုံး ဖောက်ခွဲတိုက်ခိုက်မှုတွေကို NUG ဩဇာခံ တောတွင်းသင်တန်းဆင်း PDF တွေနဲ့ မြို့ပြ UG တွေက ဒီဇင်ဘာ ၁၅ ရက်ကစ ဖောက်ခွဲတိုက်ခိုက်နေတာဖြစ်ပြီး ဒီလိုမျိုး Alpha Operation PDF အဖွဲ့တွေက ဒီဇင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်မှာ ရန်ကုန်မြို့နယ် ၉ ခုက နေရာ ၁၁ ခုကို ဖောက်ခွဲတိုက်ခိုက်တာကြောင့် လူ ၂ ဦးသေဆုံးပြီး ၁၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *