October 19, 2024

၂၂. ၁၂. ၂၀၂၃
Written by KL

ကချင်​ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံးစွတ်ရပ်ကွက်တွင် သားအဖချင်း စကားများ ရန်ဖြစ်ရာမှ ဓာတ်ဆီလောင်း မီးရှို့သဖြင့် သားအဖနှစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၁၈ ရက်က အသက် ၆၅ နှစ်အရွယ် ဖခင် ဦးအောင်ဝင်းနှင့် အသက် ၃၂ နှစ်အရွယ် ကိုအောင်ချမ်းမြေ့ဝင်းတို့က အခန်းတံခါးပိတ်ထားကာ စကားများရန်ဖြစ်ကြရာမှ အချင်းချင်းဓာတ်ဆီလောင်း မီးရှို့ခဲ့ကြ၍ ဒဏ်ရာပြင်းထန်စွာရရှိသဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

​သေဆုံးသူသားအဖနှစ်ဦးမှာ မြစ်ကြီးနားမြို့တွင် နေထိုင်သူများဖြစ်ကြပြီး ပူတာအိုမြို့နယ်တွင် အလုပ် လာရောက်လုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။

သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းကို ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းက မီးသင်္ဂြိုဟ်ပေးခဲဲ့ကြောင်း ကူညီပေးခဲ့သည့် ခမ်းတီလုန်ပရဟိတအသင်းထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *