October 20, 2024

MT News
၂၂. ၁၂. ၂၀၂၃

နွားဝယ်ထွက်လာသည့် အမျိုးသားတစ်ဦးကို သေနတ်သမားသုံးဦးက ဆိုင်ကယ်တစ်စီးဖြင့် နောက်မှ လိုက်လံပစ်ခတ်ကာ သေနတ်ထိမှန်လဲကျနေချိန် ကျပ်သိန်း ၂၀ ပါ ငွေထုပ်အား လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ဆိတ်ကြီးကျေးရွာလမ်းဆုံ၌ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းဆုံ၌ မိုးညိုမြို့နယ်၊ ဖန်ခါးပင်ကျေးရွာအုပ်စု၊ ခြောက်အိမ်တန်းကျေးရွာနေ ဦးမျိုးနိုင်ဦး(ခ) ကရင် (၄၂)နှစ် အား ယာပါးနှင့် လည်ကုပ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်ရရှိထားသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ ကြောင်း သိရသည်။

စိစစ်မှုအရ ဦးမျိုးနိုင်ဦးသည် ဆိတ်ကြီးကျေးရွာသို့ နွားဝယ်ရန် နေအိမ်မှတစ်ဦးတည်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့် အခင်းဖြစ်နေရာအရောက်၌ ၎င်း၏အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် အကြမ်းဖက်သမားသုံးဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းအား ထိမှန်၍ ဆိုင်ကယ်လဲကျစဉ် အကြမ်းဖက် သမားသုံးဦးက နွားဝယ်မည့် ငွေသိန်း ၂၀ အားထည့်၍ လွယ်ထားသည့် လွယ်အိတ်အား လုယက်ယူဆောင်ကာ ထွက်ပြေးသွားခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသဖြင့် ထိခိုက်ဒဏ်ရာရရှိသူအား ရွှေတောင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *