October 20, 2024

နှစ်နိုင်ငံ နယ်စပ်အနီးမူးယစ်သယ်ဆောင်သူများနှင့်တစ်ပတ်အတွင်း ဒုတိယမြောက်တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ပြီး အသေဖမ်းမိသူ ၁၇ ဦးအထိရှိလာ

၂၁. ၁၂. ၂၀၂၃
translated by Htwe Ko Tun

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်ပြည်နယ်အတွင်း မယ်အေ့ခရိုင်၌ ဒီဇင်ဘာ ၂၁ ရက် ယနေ့ နံနက်က ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံနယ်စပ်တစ်လျှောက်တွင် ထိုင်းတပ်ဖွဲ့ဝင် များနှင့်မူးယစ်ဆေးဝါးသယ်ဆောင်သူများ တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း သိရသည်။

ထိုင်းလုံခြုံရေးတပ်ဖွဲ့က ကင်းလှည့်လာစဥ် လူ ၂၀ ခန့်ပါသောအုပ်စုတစ်စုအား ကျောပိုးအိတ်များသယ်လျက် မယ်အေ့ခရိုင်၊ မာလိခခရိုင်ခွဲ၌ နံနက် ၄ နာရီ မိနစ် ၅၀ တွင် တွေ့ရှိမိခြင်းဖြစ်သည်။ သံသယဖြစ်ဖွယ် ၎င်းတို့အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဥ် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ခဲ့ပြီး မူးယစ်သယ်ဆောင်သူနှစ်ဦးကို အနည်းဆုံး Speed မူးယစ်ဆေးနှစ်သန်းခန့်နှင့်အတူ အသေဖမ်းဆီးမိခဲ့သည်။

အပြန်အလှန် ပစ်ခတ်မှုက မိနစ် ၂၀ ခန့်ကြာခဲ့ပြီး ထိုင်းတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပေ။ထို့နောက်တွင် တပ်ကူများရောက်လာကြပြီး ပတ်ဝန်းကျင်နယ်မြေများကို ရှင်းလင်းရေးများပြုလုပ်နေကြသည်။

ကျောပိုးအိတ် ၁၃ အိတ်အတွင်းမှ Speed မူးယစ်ဆေးတောင့်များကို တစ်အိတ်လျှင်ပျမ်းမျှ ၁၀၀,၀၀၀မှ ၂၀၀,၀၀၀ အထိ နယ်မြေတစ်ဝိုက်ပြန့်နှံ့နေသည်ကိုတွေ့ကြရသည်။ ထိုင်းတပ်ဖွဲ့ဝင်များက မူးယစ်သယ်ဆောင်သူများစွန့်ပစ်ထားခဲ့သော မူးယစ်ဆေးများကိုဆက်လက်ရှာဖွေနေကြရာ ဖမ်းဆီးမိသော မူးယစ်ဆေးဝါးများအရေအတွက် ပိုမိုတိုးလာနိုင်သေးကြောင်းသိရသည်။

ယခုတိုက်ပွဲက ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် တစ်ပတ်အတွင်း မူးယစ်သယ်ဆောင်သူများနှင့်ဒုတိယမြောက်တိုက်ပွဲလည်းဖြစ်သည်။ ဒီဇင်ဘာ ၁၇ ရက်ကလည်း မူးယစ်သယ်ဆောင်သူများနှင့် ထိုင်းတပ်ဖွဲ့ဝင်များချင်းရိုင်ပြည်နယ်၊ မယ်ဖာလုံခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ Speed မူးယစ်ဆေးနှစ်သန်းနှင့်အတူ မူးယစ်သယ်ဆောင်သူ ၁၅ ဦးကို အသေဖမ်းမိခဲ့သည်။

Ref—-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *