October 21, 2024

၂၁. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုတွင် လူသတ်မှုတစ်ခုဖြင့်တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျခံနေရသော အကျဉ်း သားတစ်ဦးဖြစ်သည့် အသက် ၇၀ နှစ်ရှိ ဂလင်းဆင်မွန် ဆိုသူမှာ ၄၈ နှစ်ကြာ ပြစ်ဒဏ်ကျခံရပြီးနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင်မူ ၎င်းကအမှု၌ အပြစ်မရှိကြောင်း ဥက္ကလာဟိုမားပြည်နယ် တရားသူကြီးတစ်ဦးက အမိန့်ချမှတ်ခဲ့ပြီးနောက် ပြစ်ဒဏ်မှပြန်လည်လွှတ်ပေးခြင်းခံခဲ့ရကြောင်း သိရသည်။

ဥက္ကလာဟိုမားပြည်နယ် တရားသူကြီး အေမီ ပါလမ်ဘို က “မစ္စတာ ဆင်မွန်ဟာ တရားစွဲခံရပြီး စီရင်ချက်ချပြစ်ဒဏ်ပေး၊ ထောက်ဒဏ်ပါကျခံခဲ့ရတယ်။ တရားရုံးအနေနဲ့ မစ္စတာဆင်မွန်က ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့သက်သေအထောက်အထား အလုံအလောက်မရှိတာတွေ့ရတယ်” ဟု ပြောခဲ့သည်။ သို့သော် ၁၉၇၄ ခုနှစ်က ဖြစ် ပွားခဲ့သော လူသတ်မှုတစ်ခုအတွက် ပြစ်ဒဏ်ကျခံခဲ့ရသော ဆင်မွန်မှာ ယခုအခါတွင်မူ အမေရိကန်တွင် ရာစုနှစ်ထက်ဝက်နီးပါးအထိ မှားယွင်းစွာ အရှည်ကြာဆုံးပြစ်ဒဏ်ကျခံခဲ့ရသူ ဖြစ်လာခဲ့သည်။

ဆင်မွန်မှာ ၁၉၇၄ ခုနှစ်က ဖြစ်ပွားခဲ့သော ဥက္ကလာဟိုမားမြို့ ဆင်ခြေဖုံးတွင် အရက်ဆိုင်တစ်ဆိုင်အား ဓားပြတိုက်မှု၌ ကယ်ရိုလင်း ဆူးရိုဂျာဆိုသူအမျိုးသမီးသေဆုံးရမှုတွင် အပြစ်ရှိသည်ဟုဆိုကာ ကြံရာပါ ဒွန်ရောဘတ်နှင့်အတူကျူးလွန်ခဲ့ခြင်းဟု တရားရုံးကဆုံးဖြတ်ပြီး ၎င်းတို့နှစ်ဦးစလုံးအား သေဒဏ်ပေးခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ဆင်မွန် မှာအသက် ၂၂ သာရှိသေးပြီး ၁၉၇၅ ခုနှစ်တွင် ၎င်းတို့နှစ်ဦးစလုံးမှာ သေဒဏ်ကျခံရမည်ဖြစ်သည်။ သို့သော် ထို့မတိုင်မီ အမေရိကန်တရားရုံး ချုပ်၏ သေဒဏ်ပြစ်ဒဏ်အပေါ် ဆုံးဖြတ်မှုများကြောင့် ၎င်းတို့နှစ်ဦးအား တစ်သက်တစ်ကျွန်းဖြစ်ဒဏ်များသို့ လျှော့ပေါ့ပေးခြင်းခံခဲ့ရသည်။

ဥက္ကလာဟိုမားပြည်နယ်တွင် ဤကဲ့သို့ မှားယွင်းစွာ တရားစီရင်မှုခံခဲ့ရသူများအနေဖြင့် လျော်ကြေးအားဖြင့် ဒေါ်လာ ၁၇၅,၀၀၀ ရရှိကြသည်။ ဆင်မွန်မှာ လောလော ဆယ်တွင် အသည်းကင်ဆာရောဂါကို ခံစားနေရကြောင်းသိရသည်။

Ref—-=-bbc

Leave a Reply

Your email address will not be published. Required fields are marked *