October 21, 2024

MT News
၂၁.၁၂. ၂၀၂၃

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၄/၅) မှာ ဒီနေ့မနက် ၇ နာရီ ၃၀ အချိန်က Hijet ယာဥ်ကို Nissan Caravan ယာဥ်က နောက်ကဝင်တိုက်လို့ လူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်ဟာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၄/၅)မှာ ရှေ့က မောင်းနှင်နေတဲ့ Hijet ယာဉ်ကို လားရာတူနောက်က မောင်းနှင်လာတဲ့ Nissan Caravan ယာဉ်က ဝင်ရောက်တိုက်မိမှုဖြစ်ပွား တယ်လို့ သတင်းရရှိတာကြောင့် ပြင်စည်အမြန်လမ်းမီးသတ်စခန်းက မီးသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း သွားရောက်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ကြောင့် Hijet ယာဉ်ပေါ်ပါ အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး (၉)ဦး စုစုပေါင်း(၁၀)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်)ရရှိခဲ့ပြီး ဒီလူနာတွေကို ပြင်စည် 192 သူနာ တင်ယာဉ်နဲ့ နွားထိုးကြီးဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပြီး နောက်ကဝင်တိုက်တဲ့ Nissan Caravan ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးကတော့ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *