October 19, 2024

၂၁. ၁၂. ၂၀၂၃
Written by Nay Moe

မန္တ​လေးတိုင်း​ဒေသကြီး၊ မတ္တရာမြို့နယ်၊ ဈေးဟောင်းကျေးရွာမှာ နေထိုင်တဲ့ စစ်မှုထမ်းဟောင်း ၁ ဦးကို PDF ၆ ဦးက ခေါင်းဖြတ်သတ်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖြစ်စဥ်က ဒီဇင်ဘာ ၁၈ ရက်​ ညနေ ၆ နာရီခွဲခန့်အချိန်မှာ မတ္တရာမြို့နယ်၊ ဈေးဟောင်းကျေးရွာနေ တပ်ကြပ်(ငြိမ်း) ဦးအောင်ငွေ (၆၂) နှစ်ဟာ ဖခင်ဖြစ်သူနဲ့အတူ နေအိမ်မှာရှိနေချိန် လက်နက်ကိုင်ဆောင်ထားတဲ့ PDF ၆ ဦးက ဆိုင်ကယ် ၃ စီးနဲ့ ရောက်လာပြီး ဦးအောင်ငွေ ဓားနဲ့ ဝိုင်းပြီး ခုတ်သတ်တာကြောင့် ဦးအောင်ငွေဟာ ဦးခေါင်းပြတ်ပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။

​သေဆုံးသူ ဦးအောင်ငွေကို မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး PDF ၆ ဦးကိုတော့ ဆည်တော်ကြီးနယ်မြေရဲစခန်းက (ပ)၁၁/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ နဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *