October 19, 2024

၂၁. ၁၂. ၂၀၂၃
Written By Thandar

ဂီတလောကမှာ ပရိသတ်အားပေးမှုတွေ အခိုင်အမာရရှိခဲ့သလို သရုပ်ဆောင်ပိုင်းမှာလည်း အကယ်ဒမီရရှိထားတဲ့ ထွန်းထွန်းကတော့ အသက် ၄၀ ပြည့်မွေးနေ့ အမှတ်တရအနေနဲ့ New Version နဲ့ “အသက် ၄၀” Official Music Video ကို ပရိသတ်ဆီအရောက်ပို့မယ်လို့ ဆိုပါတယ်။

ဒီတေးသီချင်းကတော့ တေးရေး တေးဆို မိုးမိုးရဲ့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ တေးသီချင်းလည်း ဖြစ်ပါတယ်။

“အသက် (၄၀) ထွန်းထွန်း လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ။ ဒီသီချင်းလေးကို မှတ်မိကြသေးရဲ့လား။ ပရိသတ်ကို New Version လေးနဲ အသက်(၄၀) လူပျိုကြီး ကိုကိုထွန်းထွန်းတစ်ယောက် အရင်လိုပဲ ကျန်ရစ်ဖြစ်မလား။ ချစ်သူလေးနဲ ပြန်လည်ဆုံဆည်းမလားဆိုတာကို မကြာခင် ကြည့်ရှုရတော့မှာပဲ ဖြစ်ပါတယ်နော်” လို့ အဆိုတော် ထွန်ထွန်းက ပရိသတ်ကို အသိပေးလာပါတယ်။

အဆိုပါ တေးသီချင်း Official Music Video ကို တေးရေး တေးဆို မိုးမိုးက Plus Three Music Band နဲ့ ဖန်တီးထားပြီးတော့ ဒါရိုက်တာ ပြည့်ငြိမ်းမောင်က သရုပ်ဆောင် ထွန်းထွန်း ၊ စုချစ်ဇော် တို့နဲ့ ရိုက်ကူးထားပါတယ်။

“အင်မတန် နတ်ကြီးတဲ့ သီချင်းပါကွာ…မင်းမိန်းမ မြန်မြန်ယူမှပါကွာ လို့ မိုးမိုးက အရင်က ပြောခဲ့တာလည်း ရှိခဲ့တယ်။ ပထမ တစ်ခါရိုက်တုန်းက မင်းပြောတယ်လေ။ တကယ်လို့ မင်းအသက် ၄၀ ရောက်တဲ့အထိ မိန်းမ မရသေးရင် ပြန်ရိုက်ကြရအောင်ဆိုတာ ခုတော့ ပြန်ရိုက်ဖြစ်ခဲ့ပြီပေါ့ ငမိုးရာ။ ကျွန်တော့်မွေးနေ့မှာ ပရိသတ်ကြီးကို လက်ဆောင်ပေးပါမယ်နော်”လို့ သူက ဆက်ပြောပါတယ်။

အိမ်ထောင်မကျသေးတဲ့ အပျိုကြီးတွေ လူပျိုကြီးတွေအတွက် ရည်းစားဟောင်းတွေ ပြန်လွမ်း တမ်းတရမယ့် “အသက် ၄၀” သီချင်းက လာမယ့် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *