October 19, 2024

၂၀. ၁၂. ၂၀၂၃
Written by Nyein Kyaw

ကျောက်တံခါးမြို့၊ သူဌေးကုန်းကျေးရွာအတွင်းသို့ PDF များက Drone သုံး၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၂ နှစ်သားအရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းရွာအတွင်းသို့ PDF များက ကျေးရွာ၏ အရှေ့မြောက်ဘက် သုံးမိုင်ခန့်အကွာမှနေ၍ အမြင့်မီတာ ၅၀၀ ခန့်မှ Drone အသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း Drop Bomb တစ်လုံးကျရောက် ပေါက်ကွဲခဲ့ရာ အဆိုပါကျေးရွာနေ အပြစ်မဲ့ပြည်သူ အမျိုးသမီးနှစ်ဦး ဗုံးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်အား ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခံယူစေလျက်ရှိကြောင်းနှင့် အပြစ်မဲ့ပြည်သူများ သေဆုံးထိခိုက် ဒဏ်ရာများ ရရှိအောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံ‌ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *