October 19, 2024

၂၀.၁၂.၂၀၂၃
Written By Thandar

ယမန်နေ့ ဒီဇင်ဘာလ ၂၀ ညနေ ၆နာရီက အဆိုတော် သရုပ်ဆောင် နေဝင်းနဲ့ အိမ့်ချစ်ချောတို့ရဲ့ Dinner Party ပွဲကို ရန်ကုန်မြို့ Inya Lake Hotel ရဲ့ Poolside Launch မှာ အနုပညာမောင်နှမများစွာနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။

“အဆိုတော်မင်းသားနေဝင်း Sold out။ သတို့သမီးလေးချောအတွက် ဝတ်စုံ နှစ်စုံလုံးချုပ်ပေးထားပါတယ်။
ပထမတစ်စုံကတော့ ရိုးရှင်း Pearl Look လေးရယ်။ ဒုတိယတစ်စုံကတော့ သူသိပ်ကြိုက်တဲ့ နေကြာပန်းလေးကို ပြင်ပ Corset လေးနဲ့တွဲပြီးချုပ်ပေးထားပါတယ်” လို့ ဒီဇိုင်နာ ငြိမ်းကို (Chic & Chic) က ပြောလာပါတယ်။

ဒီနှစ် မင်္ဂလာပွဲမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် တစ်သက်လုံးအူမြူးနေမယ်ဆိုတဲ့အတိုင်း တစ်သက်လုံးအူမြူးနိုင်အောင် ပုံစံလေးနဲ့ Photo Program လေးလည်း တင်ဆက်ထားသလို အိမ့်ချစ်‌ချောရဲ့ စိတ်ကူးအိပ်မက်လေးအတိုင်း မြင်းဖြူနဲ့ရိုက်ချင်တဲ့ ဆန္ဒလေးပြည့်အောင် နေဝင်းက ဖန်တီးပေးခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *