◾ ကော်လိုရာဒိုပြည်နယ်တရားရုံး၏ တရားသူကြီးခုနစ်ဦးစလုံးမှာ လက်ရှိသမ္မတဂျိုးဘိုင်ဒန်၏ ဒီမိုကရက်တစ်ပါတီက ခန့်ထားသူများဖြစ်နေ
၂၀.၁၂.၂၀၂၃
translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုတွင် ရင်သပ်ရှုမောဖြစ်စေလောက်သော တရားရုံးဆုံး ဖြတ်ချက်တစ်ခုအဖြစ် ကော်လိုရာဒိုပြည်နယ် တရားရုံးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သော ‘ဆူပူအုံကြွမှု ပိတ်ပင်
တားဆီးရေး’ အပိုဒ်အရ သမ္မတဟောင်း ဒေါ်နယ်ထရန့်အနေဖြင့် ပြည်နယ်၏ ၂၀၂၄ ခုနှစ်ညသမ္မတရွေးကောက် ပွဲ မဲပေးပွဲများ၌ ပါဝင်ယှဥ်ပြိုင်ရန် အရည်အချင်းပြည့်မီခြင်းမရှိဟု ဒီဇင်ဘာ ၁၉ ရက်က ဆုံးဖြတ်လိုက်ကြောင်းသိရသည်။
တရားရုံး၏တရားသူကြီးခုနှစ်ဦးအနက် လေးဦး၏ ထောက်ခံဆုံးဖြတ်ချက်ဖြင့် ကော်လိုရာဒိုပြည်နယ် တရားရုံးက ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော်ထရန့်အနေဖြင့် အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်သို့ အယူခံတက်နိုင်ရန် တရားရုံး၏ တရားသူကြီးများက ၎င်းတို့၏ စီရင်ဆုံးဖြတ်ချက်ကို ၂၀၂၄ ဇန်နဝါရီ ၄ ရက်အထိ ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။
ထရန့်၏ရွေးကောက်ပွဲ မဲဆွယ်ရေးအဖွဲ့ကလည်း ထိုဆုံးဖြတ်ချက်ကို ချို့ယွင်းအားနည်းချက်များနှင့်ပြည့်နှက်နေသော ဆုံးဖြတ်ချက်အဖြစ် သုံးသပ်ခဲ့ကြပြီး ပြည်ထောင်စုတရားရုံးချုပ်သို့ အယူခံကိုလျင်မြန်စွာ တင်သွားမည်ဟု ပြောခဲ့သည်။
ဒေါ်နယ်ထရန့်ကလည်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်ကအမေရိကန်၌ရွေးကောက်ပွဲအပြီး ဆူပူအုံကြွမှုဖြစ်ခဲ့ရာတွင် ၎င်းအနေဖြင့် မှားယွင်းစွာ ဆောင်ရွက်ခဲ့မှုမရှိကြောင်းနှင့် ဥပဒေကိုလက်တလုံးခြားအသုံးချ၍ ၎င်းအပေါ်တိုက်ခိုက်ခြင်းအဖြစ် ရှုတ်ချပြောကြားခဲ့သည်။ တရားရုံးကစွပ်စွဲသလို အမေရိကန်ကွန်ဂရက်အဆောက် အအုံကို ဝင်ရောက်တိုက်ခိုက်သည်အထိ ဆူပူအုံကြွမှု များက ၎င်းနှင့်မပတ်သက်သလို ၎င်းကြောင့်ဖြစ်ရခြင်းလည်းမဟုတ်ဟု ထရန့်က ပြောခဲ့သည်။
ထရန့်အနေဖြင့်ကော်လိုရာဒိုပြည်နယ် ရွေးကောက်ပွဲတွင်ပါဝင်ယှဥ်ပြိုင်ရန် နောက်ဆုံးဆုံဖြတ်ချက်ကပြည် ထောင်စုတရားရုံးချုပ် အပေါ်တွင်သာ တည်မည်ဖြစ် သော်လည်း အမေရိကန်သမိုင်းတွင် တစ်ခါမျှမရှိဘူးသည့် ဤသို့ဆုံးဖြတ်မှုကြောင့် ၂၀၂၄ အမေရိကန် သမ္မတ ရွေးကောက်ပွဲကိုများစွာ အနှောင့်အယှက်ဖြစ်စေသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
ကော်လိုရာဒိုပြည်နယ်တရားရုံး၏ တရားသူကြီး ခုနှစ်ဦးစလုံးမှာလည်း ဒီမိုကရက်ပါတီက ခန့်ထားသူများသာဖြစ်ကြောင်းလည်း သိရသည်။
Ref-CNN