၁၉. ၁၂. ၂၀၂၃
Written by Pan Ei
Facebook၊ Instagram တို့ရဲ့ မိခင် ကုမ္ပဏီ Meta တည်ထောင်သူ မာ့ခ် ဇူကာဘက်ဟာ တခြားသော ဘီလျံနာ သူဌေးကြီးတွေနဲ့ နာမည်ကြီး အနုပညာရှင်တွေ နည်းတူ အဆိုးဆုံးအခြေအနေတွေအတွက် ပြင်ဆင်ထားပုံထားရပြီး သစ်ပင်အိမ်တွေ၊ အိပ်ခန်းဒါဇင်များစွာနဲ့ မြေအောက်ဘန်ကာတွေ ပါရှိတဲ့ ဧရာမစံအိမ်ကြီးကို ဟာဝိုင်အီမှာ တည်ဆောက်နေတယ်လို့ သိရပါတယ်။
နိုင်ငံခြားသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဇူကာဘတ်က ဒေါ်လာ သန်း ၁၇၀ နဲ့ ဝယ်ယူထားတဲ့ မြေပေါ်မှာ စံအိမ်ကြီး တည်ဆောက်ဖို့ ဒေါ်လာ သန်း ၁၀၀ ကျော် ကုန်ကျခံခဲ့တယ်လို့ သိရပါတယ်။
ခြံထဲမှာ အနည်းဆုံး အိပ်ခန်း ၃၀၊ ရေချိုးခန်း ၃၀ နဲ့ အခန်းတချို့ကို ချိတ်ဆက်နိုင်တဲ့ သစ်ပင်အိမ်တွေရဲ့ ကွန်ရက်တစ်ခု ပါရှိပြီး အမြင့် ၁၈ ပေရှိ ရေကန်၊ ကွန်ကရစ်သတ္တုနဲ့တည်ဆောက်ထားတဲ့ မြေအောက် ဘန်ကာတွေ၊ လုံခြုံရေးဆိုင်ရာ အခြေခံအဆောက်အဦတွေလိုမျိုး သမားရိုးကျမဟုတ်တဲ့ အသွင်အပြင်များစွာနဲ့အတူ ခြံဝန်းထဲမှာ ကိုယ်ပိုင်အစားအစာထုတ်လုပ်တဲ့စနစ်တွေပါ ပါရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဇူကာဘက်ရဲ့ စံအိမ်ကြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တချို့သော အလုပ်သမားတွေက စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုမိခဲ့တဲ့အတွက် အလုပ်ထုတ်ခံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဆူညံသံတွေနဲ့ ယာဉ်ကြောပိတ်ဆို့မှု တိုင်ကြားမှုတွေအပြင် ဟာဝိုင်အီမှာ နေထိုင်သူတွေက ရုန်းကန်နေရချိန်မှာ သန်းကြွယ်သူဌေးတွေက မြေကွက်တွေ ၀ယ်ယူခြင်းနဲ့ပတ်သက်ပြီး ကြီးမားတဲ့ ငြင်းခုံမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဇူကာဘတ်ရဲ့ အသားတင်ပိုင်ဆိုင်ဟာ ဒီဇင်ဘာမှာ ဒေါ်လာ ၁၁၉ ဘီလျံရှိမယ်လို့ Forbes က ခန့်မှန်းခဲ့ပြီး သူဟာ ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။
Ref; People