October 19, 2024

၁၉. ၁၂. ၂၀၂၃
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြိုနယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ကံကော်လမ်းမကြီးထိပ်၊ ဘုရင့်နောင်ပွဲရုံမီးပွိုင့်တွင် ဒီဇင်ဘာ ၁၈ ရက် ည ၈ နာရီကျော်က ကွန်တိန်နာယာဥ်နှင့် သုံးဘီးဆိုင်ကယ်တိုက်ရာမှ နှစ်ဦးသေဆုံးပြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ပေးသည့် မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် သုံးဘီးဆိုင်ကယ်ပေါ်မှ အသက် ၃၅ နှစ်အရွယ် ကိုအောင်ကြီးနှင့် အသက် ၁ နှစ် ၆ လအရွယ် မစုရတီထွန်းမှာ နေရာတွင် သေဆုံးခဲ့ပြီး အသက် ၂၄ နှစ်အရွယ် မအေးစိုးတွင် ဦးခေါင်းနောက်စေ့ကွဲဒဏ်ရာနှင့် ညာဘက်လက်ချောင်းများ ပြတ်ရှဒဏ်ရာများ ရရှိခဲ့သည်။

သေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာရရှိသူ တစ်ဦးကို အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းမှ မော်တော်ယာဥ်ဖြင့် အသင်းဝင် ၄ ဦးက ကူညီကာ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပြီး ယာဥ်တိုက်မှုကြောင့် ကွန်တိန်နာယာဥ်မောင်းမှာ ထွက်ပြေးသွားကြောင်း ကနဦးသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *