October 19, 2024

၁၉. ၁၂. ၂၀၂၃
Written by Thettant

နိုင်ငံဖြတ်ကျော် Sex Chat ပြစ်မှုကျူးလွန်မှုအဖွဲ့ရဲ့ အရေးကြီးတဲ့ အကြီးအကဲကို မြန်မာနိုင်ငံက ဖမ်းဆီးပြီး တရုတ်ပြည်ကို ပြန်ပို့လိုက်တယ်လို့ China State-Controlled Media ဖြစ်တဲ့ CRI Myanmar မှာ ဖော်ပြထားပါတယ်။

နိုင်ငံဖြတ်ကျော် Sex Chat ပြီး ခြိမ်းခြောက်ငွေညှစ်တဲ့ ပြစ်မှုကျူးလွန်မှုကို ဥပဒေနဲ့အညီ တိုက်ဖျက်ဖို့အတွက် တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဟာ လုပ်ငန်းအဖွဲ့ကို မြန်မာနိုင်ငံဆီ စေလွှတ်ထားပြီး ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ကာ မြန်မာ သက်ဆိုင်ရာ ဥပဒေစိုးမိုးရေးဌာနရဲ့ အကူအညီနဲ့ Sex Chat ပြီး ခြိမ်းခြောက်ငွေညှစ်တဲ့ပြစ်မှု ကျူးလွန်နေတဲ့အဖွဲ့ရဲ့ အရေးကြီးတဲ့အကြီးအကဲခေါင်းဆောင် Sun ကို ဖမ်းဆီးရမိခဲ့တာပါ။

Sex Chat ငွေညှစ်တဲ့ ဂိုဏ်းခေါင်းဆောင် Sun ကို မကြာခင်ရက်ပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ပြီး မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံဟာ အွန်လိုင်းလိမ်လည်မှုကျုးလွန်နေတဲ့ ကျားဖြန် ရာဇဝတ်ဂိုဏ်းတွေ ပူးပေါင်းနှိမ်နင်းနေတာဖြစ်ပြီး ဒီလိုမျိုး ကျားဖြန့်ဂိုဏ်းနဲ့ ပတ်သက်ဆက်နွှယ်သူ ၄၀၀၀၀ ကျော်ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံဆီလွှဲပြောင်းပေးထားပြီးပြီလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *