October 19, 2024

၁၉. ၁၂. ၂၀၂၃
Written By Thandar

လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံ‌တွေမှာကျင်းပမယ့် Miss Global 2023 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဧကရီဆုက ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

“ဒီပြိုင်ပွဲ ဝင်ပြိုင်ဖို့ ဆရာကိုစံသာပြောချိန်မှာ ဆုအတွက် ပြိုင်ပွဲအတွေ့ အကြုံမရှိသေးတော့ လက်ခံဖို့ကြောက်ခဲ့တယ်။ ဆု ပြိုင်ပွဲက ကိုယ့်အတွက် ပထမဆုံးခြေလှမ်းဖြစ်တယ်။ ကိုယ်တိုင်ကလည်း စိန်ခေါ်မှု အသစ်တွေကြိုးစားလုပ်ဆောင် ကြည့်ချင်တယ်။ လက်ရှိ ဒီပြိုင်ပွဲဝင်ပြိုင်ဖို့ ဆုက အခု Catwalk တွေ အချိန်ယူ Train နေတယ်။ Presentation အပိုင်း‌တွေ၊ ဘာသာစကားပိုင်းရောကို သေချာလုပ်နေပါတယ်။ Body ပိုင်းကိုလည်း ပိုပြီး Perfect ဖြစ်အောင် ပြင်ဆင်နေပါတယ်။ ဒီပွဲအတွက် အများကြီး မျှော်လင့်ထားလို့ အကောင်းဆုံးလုပ်နိုင်မယ်ယုံကြည်ပါတယ်” လို့ Miss Global Myanmar 2023 ဆုရှင် ဧကရီဆုက MTNews Entertainment ကို ပြောပါတယ်။

ဇန်နဝါရီ ၂ ရက်ကနေ ဇန်နဝါရီ ၁၈ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံ‌တို့မှာ ကျင်းပသွားမယ့် Miss Global 2023 ပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၆၀ ကျော်က ကိုယ်စားပြုအလှမယ်တွေနဲ့အတူ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ဧကရီဆုက ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

သူမဟာ အသက် ၂၀၊ အရပ်အမြင့် ၅ ပေ ၁၁ လက်မရှိပြီး မွန်ပြည်နယ်မှာမွေးဖွားတဲ့ မွန်မလေးတစ်ဦးလည်း ဖြစ်ပါတယ်။

Miss Global ပြိုင်ပွဲကြီးဟာဆိုရင် ၂၀၁၃ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ အလှမယ်ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး Production ကောင်းမွန်မှု ၊ ပြိုင်ပွဲဝင်များပြားမှုတွေကြောင့် အချိန်တိုတွင်း ရေပန်းစားနာမည်ရခဲ့တဲ့ ဗီယက်နမ်နိုင်ငံသားပိုင် အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်တဲ့ ပြိုင်ပွဲကြီးတစ်ခုဖြစ်ပါတယ်။

ယခုနှစ် ၁၀ နှစ်ပြည့်မြောက်ပြီဖြစ်တဲ့ Miss Global 2023 ပြိုင်ပွဲကြီးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံ‌တွေမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *