MT News
၂၄.၁၁.၂၀၂၂
မနေ့ညကကန်ခဲ့တဲ့ ပွဲတွေမှာတော့ လူငယ်တွေကိုဦးစားပေးပွဲထုတ်လာတဲ့ စပိန်က ကော်စတာရီကာကို ဂိုးပြတ်နဲ့အနိုင်ရခဲ့ပါတယ်။ စပိန်အသင်းလိုပဲ လူငယ်ကစားသမားတွေကို အဓိကထားပွဲထုတ်တဲ့ အင်္ဂလန်ကလည်း ဂိုးပြတ်အနိုင်ရခဲ့ဖူးတာကြောင့် ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ လူငယ်ကစားသမားတွေ အောင်မြင်မှုရနိုင်မယ့်ပွဲလို့ ပြောချင်ပါတယ်။
မနေ့ညကပွဲတွေမှာလည်း ဥရောပထိပ်သီးလည်းဖြစ်၊ ကမ္ဘာ့ဖလားမှာ အောင်မြင်မှုကြီးမားတဲ့အသင်းလည်းဖြစ်တဲ့ ဂျာမနီကို ဂျပန်က နောက်ကျဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အုပ်စုပထမပတ်လည်မှာ ဒုတိယမြောက်အနိုင်ရတဲ့ အာရှအသင်းဖြစ်လာပါတယ်။
ဒီနေ့ညမှာတော့ ဒီနှစ်အတွက် ချန်ပီယံဖြစ်လာနိုင်တဲ့ ဘရာဇီးလ်ရဲ့ပွဲရှိသလို အာရှမှာ ခြေစွာတဲ့ တောင်ကိုရီးယားရဲ့ ပွဲလည်း ရှိနေပါတယ်။
ဒီနေ့ညအတွက် အကောင်းဆုံးရွေးချယ်မှုနဲ့အတူ MT News ရဲ့ဘောလုံးပရိသတ်တွေ ပြုံးပျော်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
……
ဆွစ်ဇာလန် – ကင်မရွန်း
ဆွစ်ဇာလန်အသင်းက စပိန်အသင်းနဲ့အတူ အုပ်စုတက်ဖို့ ရေပန်းစားနေတဲ့အသင်းပါ။ ကင်မရွန်းကစားသမားတွေက နောက်ပိုင်း ကစားအားကျလာပြီး ကမ္ဘာ့ဖလားအဆင့်မှာ အဖြည့်ခံသက်သက်ဖြစ်လာပါတယ်။ ကမ္ဘာ့ဖလားမှာ အံ့မဝင်တော့တဲ့ ကင်မရွန်းကို ဆွစ်ဇာလန် အနိုင်ကန်မှာပါ။ ဂိုးအောက်တော့ကာထားပါ။
ရွေးချယ်မှု – ဆွစ်ဇာလန်
…….
ဥရုဂွေး – တောင်ကိုးရီးယား
ဥရုဂွေးအသင်းက ဆွာရက်ဇ်၊ နူနက်တို့အပြင် နောက်တန်းအင်အားလည်း တောင့်တင်းနေပါတယ်။တောင်ကိုးရီးယားက ဒီနှစ်မှာ အားနည်းနေပြီး ဆွန်ဟောင်မင်ကလဲ ကြံ့ခိုင်မှုမပြည့်သေးပါဘူး။ တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းဖို့ အမှားစောင့်မယ့်ပွဲဖြစ်လို့ ဂိုးအောက်က အကောင်းဆုံးပါ။
ရွေးချယ်မှု – ဥရုဂွေးဘော်ဒီနှင့် ဂိုးအောက်
……..
ပေါ်တူဂီ – ဂါနာ
ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းမှာ ပေါ်တူဂီလည်း တစ်သင်းအပါအဝင်ပါ။ အစပိုင်းမှာ အသင်းကြီးတွေရှုံးထားသလို တိုင်ပတ်နေလို့ ပေါ်တူဂီလည်း ဂါနာနဲ့အတွေ့မှာ ဂိုးရဖို့ ရုန်းကန်ရနိုင်ပါတယ်။ ဂါနာက နောက်ဆုံး ၈ပွဲမှာ ဘရာဇီးတစ်သင်းပဲ ရှုံးထားတာပါ။ ဂါနာက ကာတာရာသီဥတုမှာ အိုကေနေတာမို့ ဂါနာနဲ့ ဂိုးအောက်နေတာ အကောင်းဆုံးပါ။
ရွေးချယ်မှု – ဂါနာနှင့် ဂိုးအောက်
…….
ဘရာဇီး – ဆားဘီးယား
ဘရာဇီးအသင်းက ဗိုလ်စွဲဖို့ ၁ ပေးခံထားရပြီး ၂ ပေးခံထားရတဲ့ အာဂျင်တီးနားကတော့ အဖွင့်မှာ အခြေမလှခဲ့ပါဘူး။ နေမာတို့အုပ်စုကတော့ အဖွင့်ပွဲမှာ အမှားခံမှာမဟုတ်ပါဘူး။ ဆားဘီးယားမှာ တန်ပြန်တိုက်စစ်ကို အားကိုးရမှာမို့ အဖက်ဖက်ကသာတဲ့ ဘရာဇီးပဲ အနိုင်ရမှာပါ။
ရွေးချယ်မှု – ဘရာဇီး
………