၁၈. ၁၂. ၂၀၂၃
Written by KL
ထိုင်းနိုင်ငံ တာခ်ခရိုင် မဲ့လမမြို့ ခနေကျိန်ကျေးရွာ အုပ်စု (၃)နယ်မြေရှိ ဖာ့လစစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာ ၁၇ ရက် နံနက်အစောပိုင်းက သစ်သီးခြင်းထဲ ပုန်းအောင်းလိုက်ပါလာသော မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းမိခဲ့သည်။
စစ်ဆေးရေးဂိတ်များတွင် တာဝန်ရှိသူများ၏ စစ်ဆေးမှုများကို ရှောင်ရှားနိုင်စေရန် တရားမဝင်အလုပ်သမားများကိုပို့ဆောင်သူများက ရုပ်ရည်ပြေပြစ်သည့်အမျိုးသမီးများကို ကားမောင်းစေပြီး အလုပ်သမားများကို သစ်သီးထည့်သည့် ခြင်းတောင်းထဲထည့်ပြီး သယ်ဆောင်လာစဥ် ဖမ်းမိခဲ့ခြင်းဖြစ်သည်။
အသက်၂၇ နှစ်အရွယ်ရှိ ကားမောင်းသူအမျိုးသမီးက ပစ်ကပ်ကားအနောက်တွင် သစ်သီးခြင်းအလွတ်များတင်ဆောင်လာသဖြင့် မစစ်ဆေးရန် ပြောဆိုခဲ့သော် လည်း သစ်သီးခြင်းများက လှုပ်နေသဖြင့် တာဝန်ရှိသူများက အောက်သို့ သစ်သီးခြင်းများကို သယ်ယူရာမှ တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၄ ဦးကို ဖမ်းမိခဲဲ့ကြောင်း သိရှိရသည်။
အဆိုပါ အလုပ်သမားများကို ဘန်ကောက်သို့ ပို့ဆောင်ပေးရန်ဖြစ်ပြီး ဘန်ကောက်သို့ရောက်ပါက တစ်ဦးလျှင် ပွဲစားခ ထိုင်းဘတ်ငွေ ၁၇၀၀၀ ပေးရမည်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ဖမ်းမိသူ မြန်မာအလုပ်သမားကို တာဝန်ရှိသူများက ဆက်လက်စစ်ဆေးကာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။