၁၈. ၁၂. ၂၀၂၃
Written by Tha Doe
တရုတ်အစိုးရအနေနဲ့ sac အစိုးရကို ထောက်ခံပံ့ပိုးနေမယ်ဆိုရင် မြန်မာပြည်သူတွေကလည်း တုံ့ပြန်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုပါဝင်တဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို တော်လှန်ရေးအဖွဲ့ဆိုတဲ့ အဖွဲ့ပေါင်း ၂၅၅ ဖွဲ့က ဒီဇင်ဘာ ၁၇ ရက် ရက်စွဲနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ကို လိပ်မူပေးပို့ထားတယ်လို့ သိရပါတယ်။
တရုတ်သမ္မတ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်ပြည်သူလူထုကို လိပ်မူထားတဲ့ ဒီပေးစာမှာ PDF တွေက မြန်မာ့နယ်မြေ ၆၀ ရာခိုင်နှုန်း ထိန်းချုပ်ထားတာ၊ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့နဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဖို့ လုပ်ပေးတာကို မြန်မာပြည်သူတွေက စိတ်ဆိုးတယ်လို့လည်း ဒီ ၂၅၅ ဖွဲ့ ပေးစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တရုတ်သမ္မတနဲ့ ပြည်သူတွေအနေနဲ့ အာဏာထိန်းသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူ့အသံနဲ့ သဘောထားဆန္ဒကို အလေးထားဂရုပြုဖို့၊ SAC အစိုးရကို နိုင်ငံရေး စစ်ရေးအရ ကူညီအားပေးထောက်ခံတာ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စေ့စပ်ဆွေးနွေးဖို့ အကျပ်ကိုင် ဖိအားပေးတာ ရပ်တန်းက ရပ်ဖို့နဲ့ မြန်မာပြည်သူလူထု အမျက်ဒေါသထွက်စေမဲ့ နှစ်နိုင်ငံဘုံအကျိုးစီးပွားပျက်စေမှာတွေ ရပ်တန်းကရပ်ဖို့ သတိပေးထားပြီး SAC ကို ဆက်လက်ထောက်ခံပံ့ပိုးမှု လုပ်ဆောင်နေမယ်ဆို မြန်မာပြည်သူလူထုအနေနဲ့ တုံ့ပြန်ဆောင်ရွက်သင့်တာကိုမဖြစ်မနေ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း အိတ်ဖွင့်ပေးစာမှာ သတိပေးထားတာကို တွေ့ရပါတယ်။