October 19, 2024

▪️အနည်းဆုံးနေရာ ၁၁ ခုကို တိုက်ခိုက်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ ၁၆ ဦးခန့်ကို ပျုစောထီးများဟု စွပ်စွဲကာ နှစ်ဦးအတွက်သာ ဝမ်းနည်းကြောင်း ပြော

၁၈. ၁၂. ၂၀၂၃
Written by Nay Moe

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်ညနဲ့ ၁၆ ရက်က ရန်ကုန်တိုင်းက မြို့နယ်တွေမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေဟာ လွတ်မြောက်နယ်မြေတွေကနေ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ PDF အထူးတပ်ဖွဲ့ဝင်တွေနဲ့ ရန်ကုန်မြေအောက်တော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းထားတဲ့ Alpha Operation ရဲ့ ပထမဆုံးစမ်းသပ်စစ်ဆင်ရေးဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်လာပါတယ်။

ဒီစစ်ဆင်ရေးကို ကမ်ပိန်းအသွင် ပုံစံ လုပ်ဆောင်ခဲ့တာဖြစ်ပြီး နည်းပညာသုံးမိုင်းတပ်ဆင်ထားတဲ့ Bluetooth Speaker ကို တပ်စွဲထားတဲ့နေရာနဲ့ ပျူစောထီး (ပြည်သူ့စစ်) တွေ စုစည်းလေ့ရှိတဲ့နေရာ အနီးအနားမှာ ထားရှိဆောင်ရွက်ခဲ့တာလို့လည်း ထုတ်ပြန်ပါတယ်။

ပေါက်ကွဲမှုမဖြစ်မီ ပထမအဆင့်မှာ အသံသပိတ်အဖြစ် Bluetooth Speaker က ကမ်ပိန်းနဲ့ပတ်သက်လို့ ရှင်းပြတာ၊ စပီကာကို မထိ ၊ မကိုင် ၊ မပိတ်ဖို့ သတိပေးတာတွေလုပ်နေမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ စပီကာကို ပိတ်တဲ့၊ ဖယ်ရှားတဲ့၊ ဖျက်ဆီးတဲ့သူရှိရင် သတ်မှတ်ထားတဲ့ အချိန်အတွင်း စပီကာတွေက မိုင်းအဖြစ် ပေါက်ကွဲတာလို့ Alpha Operation က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့လက်အောက်ခံတွေ အထိအခိုက်ရှိတယ်လို့ စုံစမ်းသိရှိရပေမဲ့လည်း စစ်ဝါဒဖြန့် လော်ဘီတွေက ပြည်သူသာထိခိုက်ကြောင်း ဖော်ပြထားတယ်ဆိုတာနဲ့ ထိခိုက်သူတွေမှာ စပီကာကို ကောက်ယူခဲ့တဲ့ ပြည်သူနှစ်ဦးရှိတာ ကြားရလို့ စိတ်မကောင်းဖြစ်ရပြီး ပြည်သူတွေ အနေနဲ့ မိမိနဲ့မသက်ဆိုင်တဲ့ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်မှုမပြုဘဲ ရှောင်ရှားဖို့ Alpha Operation က တိုက်တွန်းထားသလို စစ်ဆင်ရေး အောင်မြင်ပြီး စစ်ဆင်ရေးလုပ်တဲ့ PDF အားလုံးဘေးကင်းတယ်လို့လည်း ဖော်ပြထားပါတယ်။

MT News သတင်းဌာန စုံစမ်းမှုအရ ဒီဇင်ဘာ ၁၅ ရက်ညမှာ ပေါက်ကွဲမှုဖြစ်ပွားတဲ့မြိုနယ်တွေက ဗိုလ်တထောင်၊ ဒလ၊ အလုံ၊ ဒေါပုံ၊ မင်္ဂလာဒုံ၊ တာမွေ၊ တောင်ဒဂုံမြို့နယ်တွေက ၁၀ နေရာဖြစ်ပြီး ဒီဖြစ်စဥ်မှာ သာမန်ပြည်သူ ၁၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့သလို တစ်ဦးသေဆုံးပြီး PDF လို့ယူဆရသူသုံးဦးဖမ်းမိတယ်လို့လည်း သိရပါတယ်။ ဒီဇင်ဘာ ၁၆ ရက်မနက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်အရှေ့ပိုင်းမြိုနယ်၊ အမှတ် (၁၃) ရပ်ကွက်၊ အမှတ် (၂) လမ်းမကြီးဘေးမှာဒီဇင်ဘာလ ၁၆ ရက် နံနက် ၇ နာရီ ၅၅ မိနစ်အချိန် လမ်းဘေး စက္ကူပုံးတစ်ပုံးတွေ့တာကြောင့် စက်ဘီးစီးလာသူနှစ်ဦးအနက် ဦးထူးငယ်ဆိုသူကဆင်းပြီး စက္ကူပုံးဖွင့်ကြည့်ချိန် ပေါက်ကွဲမှုဖြစ်လို့ ပေါက်ကွဲမှုကြောင့် ဦးထူးငယ်ဟာ ရင်ဘတ်ဗုံးစထိမှန်ဒဏ်ရာ (စိုးရိမ်ရ) ရပြီး အတူပါလာတဲ့ ဦးမြင့်ဆိုင်ဟာ ညာခြေသလုံးဗုံးစထိမှန်ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေမှာ ထိခိုက်သူတွေဟာ အထည်ရောင်းသူ၊ ဆိုက္ကားနင်းသူ၊ အမှိုက်ကောက်သူ၊ ကျပန်းလုပ်သူ စတဲ့ သာမန်ပြည်သူတွေပဲ ထိခိုက်သေဆုံးခဲ့တာလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *