October 19, 2024

၁၈. ၁၂. ၂၀၂၃
Written by Thettant

မန္တလေးမြို့ နန်းရှေ့ဒေါနဘွားရပ်မှာ နေထိုင်တဲ့ ဦးချမ်းစားပွဲရုံ (ဦးကြည်စိုး) ရဲ့ ဇနီး သရုပ်ဆောင် ဇဏ်ခီရဲ့ မိခင် မြနန္ဒာစားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်တဲ့ နူရ်ဂျန်းဘီဘီ (ခ) ဒေါ်ခင်ဝင်းရီ(ခ) မဒေါ်လီ ဟာ အသက် ၇၂ နှစ်အရွယ် ဒီနေ့မနက် ၁ နာရီ ၄၅ မိနစ်မှာ အလ္လာအရှင်မြတ်အမိန့်ခံယူကာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

မဒေါ်လီရဲ့ ရုပ်အလောင်းကို ဒီနေ့ ဒီဇင်ဘာ ၁၈ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန် ကျောက်ဗလီမှာ ဇဟိုရ်နမားဇ်အပြီး ဂျနာဇဟ်ဖတ်မှာဖြစ်တယ်လို့ ကျောက်ဗလီ လူမှုဆောင်ရွက်ရေးအသင်းက သိရပါတယ်။

ကျောက်ဗလီမှာ ဂျနာဇဟ်ဖတ်ပြီးချိန်မှာ အေးရိပ်ငြိမ် မွတ်စ်လင်မ် ကဘရ်စတန် ဥယျာဥ်တော်ကို ပို့ဆောင်ပြီး ဒဖွနာမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား သရုပ်ဆောင်ဇဏ်ခီ (ခ) Mr.Alfred Soe Chan Kyi (ခ) စိုးငြိမ်းချမ်း နဲ့ ဇနီး ခင်ဝတ်မှုန်ဦး(ခ) ခရစ္စတီးနားခီ တို့ဟာ သားဖြစ်တဲ့ Mr.Noah Lynn Htet Kyi နဲ့ လက်ရှိအချိန် ပြည်ပမှာနေထိုင်ပြီး PDF ထောက်ပို့လုပ်ဆောင်နေကြသူတွေဖြစ်ပါတယ်။

ဓာတ်ပုံ – ကျောက်ဗလီလူမှုဆောင်ရွက်ရေးအသင်း၊ လူမှုကွန်ရက်

Leave a Reply

Your email address will not be published. Required fields are marked *