October 19, 2024

၁၈. ၁၂. ၂၀၂၃
Written by Pan Ei

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ဂွာနာဂျွာတိုပြည်နယ်မှာ ပြုလုပ်တဲ့ အားလပ်ရက်ပါတီတစ်ခုအတွင်း လက်နက် ကိုင်တွေရဲ့ တိုက်ခိုက်မှုခံရတာကြောင့် လူ ၁၂ ဦး သေဆုံးသွားတယ်လို့ မက္ကဆီကိုအာဏာပိုင်တွေက တနင်္ဂနွေနေ့ (ဒီဇင်ဘာလ ၁၇ ရက်) မှာ ပြောကြားခဲ့ပါတယ်။

ဂွာနာဂျွာတိုပြည်နယ်၊ ဆာဗာရီရာမြို့မှာ ခရစ္စမတ်မတိုင်ခင်ရက်တွေမှာကျင်းပလေ့ရှိပြီး မက္ကဆီကန်ရိုးရာပါတီတစ်ခုဖြစ်တဲ့ “ပိုဆာဒါ” ပွဲကျင်းပနေချိန် ပွဲအတွင်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒါပေမဲ့ သေဆုံးခဲ့ရသူတွေနဲ့ ဖြစ်စဉ်အသေးစိတ်ကိုတော့ ဖော်ပြခဲ့ခြင်းမရှိဘဲ လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့သာ ပြည်နယ် ရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မော်တော်ကားနဲ့ လေယာဉ်ပျံ စက်ရုံတွေ အများအပြား တည်ရှိရာ ဂွာနာဂျွာတိုပြည်နယ်ဟာ မကြာသေးမီ နှစ်တွေအတွင်း နိုင်ငံမှာ အင်အားကြီး မူးယစ်ဆေးဝါး မှောင်ခို ကူးသန်းရောင်းဝယ်ရေး အဖွဲ့တွေအကြား ရုန်းရင်း ဆန်ခတ် ဖြစ်ပွားမှုအများဆုံး ပြည်နယ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *