October 19, 2024

၁၈. ၁၂. ၂၀၂၃
Written by Pan Ei

တောင်ကိုရီးယားက အစီအစဉ်တင်ဆက်သူ၊ အဆိုတော်တစ်ဦးဖြစ်တဲ့ ပရိသတ်အချစ်တော် ဂျီဆော့ဂျင်ဟာ မြန်မာနိုင်ငံမှာလည်း ရေပန်းစားတဲ့ ကိုရီးယားရသစုံလင်ရှိုး “Running Man” ရဲ့ အမြဲတမ်းပုံမှန် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အခုချိန်မှာတော့ ကျန်မာရေးအခြေအနေတွေကြောင့် “Running Man” အစီအစဉ်ကနေ ခေတ္တအနားယူသွားမယ်လို့ သူရဲ့ အေဂျင်စီ Esteem Entertainment က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

Esteem Entertainment ရဲ့ ထုတ်ပြန်ချက်မှာ “မကြာသေးမီက ဂျီဆော့ဂျင် ဟာ ကျန်မာရေးစစ်ဆေးပြီးနောက် ဆေးကုသမှုခံယူဖို့ လိုအပ်တယ်ဆိုတာကို တွေ့ရှိရတာကြောင့် Running Man ကနေ ခေတ္တအနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အနားယူပြီး ကျန်းမာတဲ့အသွင်အပြင် အမြန်ဆုံးပြန်လည်ရရှိဖို့လည်း အစွမ်းကုန်ကြိုးစားသွားမှာပါ” လို့ ဖော်ပြထားပါတယ်။

အသက် ၅၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျီဆော့ဂျင်ဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက စတင်ခဲ့တဲ့ Running Man မှာ စတင်ပါဝင်ခဲ့တာဖြစ်ပြီး ပရိသတ်အချစ်တော်တစ်ဦး ဖြစ်လာခဲ့သူပါ။ ပရိသတ်တွေကလည်း ဂျီဆော့ဂျင် ကျန်းမာရေးအတွက် ဝိုင်းဝန်းဆုတောင်းပေးနေကြပြီး ကျန်ရှိတဲ့ Running Man ရဲ့ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ ယူဂျယ်ဆော့၊ ဂင်ဂျုံးဂု၊ ဟားဟား၊ ဆုန်းဂျီဟို၊ ယန်းဆယ်ချန်းတို့က အစီအစဉ်ကို ဆက်လက်တင်ဆက်သွားဖို့ ရှိနေပါတယ်။

Ref; Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *