၁၆. ၁၂. ၂၀၂၃
Translated by Htwe Ko Tun
အစ္စရေးနိုင်ငံရဲ့ မော့ဆက်ထောက်လှမ်းရေးအဖွဲ့ကို သတင်းပေးနေတဲ့ ပြည်တွင်းနေ ထောက်လှမ်းရေးသမားတစ်ဦးကို အီရန်နိုင်ငံ၊ အရှေ့တောင်ပိုင်း၊ စစ္စတန်-ဘလူးချိစတန်ပြည်နယ်အတွင်းမှာ ဒီဇင်ဘာ ၁၆ ရက်က ကွပ်မျက်ခဲ့တယ်လို့ IRNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
IRNA သတင်းဌာနဖော်ပြချက်အရ အဆိုပါသတင်းပေးပုဂ္ဂိုလ်ဟာ အထူးသဖြင့် မော့ဆက်အပါအဝင် ပြည်ပအ ဖွဲ့အစည်းတွေနဲ့ဆက်သွယ်မှုပြုခဲ့ပြီး လုပ်ဖော်ကိုင်ဖက် တွေနဲ့အတူ အီရန်ပြည်တွင်းက သတင်းအချက်အလက်တွေကို စုဆောင်းရယူကာ ပေးပို့ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် IRNA က ကွပ်မျက်ခံရသူရဲ့ အမည်ကိုတော့ထုတ်ပြန်ပြောကြားမှုမပြုခဲ့ပါဘူး။
IRNA ရဲ့သတင်းမှာ အဆိုပါလူက မော့ဆက်အရာရှိတစ်ဦးထံ အစ္စလာမ္မစ်နိုင်ငံတော်ကို ဆန့်ကျင်နေတဲ့ အုပ်စုတွေနဲ့အဖွဲ့အစည်းတွေအတွက် ဝါဒဖြန့်ချိမှု ရည်ရွယ်ချက်နဲ့အတူ သတင်းအချက်အလက်တွေပေးပို့နေတယ်လို့ ဆိုခဲ့ပါတယ်။ဒါပေမယ့် ဘယ်နေရာမှာ ဘယ်လိုဘယ်ပုံသတင်းတွေ လွှဲပြောင်းပေးနေတယ်ဆိုတာမဖော်ပြခဲ့ပါဘူး။
အဆိုပါ သတင်းပေးပုဂ္ဂိုလ်ကို ဘယ်အချိန်ကဖမ်းမိခဲ့တယ်ဆိုတာလည်း သတင်းမှာရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။ ဒါပေမယ့် IRNA ကတော့ သတင်းဟာသူ့ရဲ့ အယူခံကို ငြင်းပယ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
စစ္စတန်-ဘလူးချိစတန်ပြည်နယ်အတွင်း ရဲစခန်းတစ်ခုကို ဘာလု စစ်သွေးကြွတွေက ဝင်ရောက်တိုက်ခိုက်ကာ လုံခြုံရေးအဖွဲ့ဝင် ၁၁ ဦးကို သတ်ဖြတ်ပြီး အများအပြားကို ဒဏ်ရာရစေခဲ့တဲ့ဖြစ်စဥ်အပြီး နောက်တစ်နေ့မှာပဲ အစ္စရေးသတင်းပေးကို ပြည်နယ်အတွင်းက ဇာဟီဒန် အကျဉ်းထောင်မှာ ကွပ်မျက်ခဲ့တယ်လို့ သိရပါတယ်။
Ref——=-Reuters