၁၆. ၁၂. ၂၀၂၃
Written By Thandar
Shwe Maha Bangkok နဲ့ KUDOS International တို့ ပထမဆုံးကျင်းပတဲ့ မှန်ကန်တဲ့ Information တွေ ရရှိမယ့် နှစ်သစ်အကြို ထိုင်းနိုင်ငံ ထိပ်တန်းစာရင်းဝင်ကွန်ဒိုများ အထူးရောင်းချပွဲကို ဒီနေ့ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Melia Hotel မှာ ကျင်းပခဲ့ပါတယ်။
“အဓိက ဒီမှာရှိနေကြတဲ့သူတွေကို လိုအပ်တဲ့အသိပညာတွေမျှဝေပေးတာပါ။ ဘန်ကောက်က ကွန်ဒိုတွေကို တော်တော်များများက လာဝယ်နေကြတယ်။ ရောင်းတဲ့သူတွေလည်း အများအပြားရှိသလို ဝယ်တဲ့သူတွေ အများကြီးရှိပါတယ်။ အမတို့ဘက်က မှန်ကန်တဲ့ Information တွေ ပေးချင်တယ်။ တချို့စိတ်ချရတာလည်း ရှိသလို စိတ်မချရတာတွေလည်း ရှိတာမို့ အဓိက ကိုယ့်မြန်မာလူမျိုးအချင်းချင်း ရောင်းမှားဝယ်မှားမဖြစ်အောင် ပိုပြီးအကြံပေးချင်တဲ့သဘောမျိုးနဲ့ အမတို့ ပြပွဲကိုလုပ်ဖြစ်တာပါ။ ကိုယ်တွေက သူများနိုင်ငံမှာ နေထိုင်ဖို့လုပ်ဆောင်ရတာမို့ ယုံကြည်စိတ်ချရဖို့ လိုအပ်တယ်။ဝယ်မှားတစ်ခုကြောင့် နောင်တချိန် နောင်တရတာမျိုး ရလဒ် မဖြစ်စေချင်ဘူး။ ဘာရည်ရွယ်ချက်နဲ့ ပြည်ပမှာ နေထိုင်မယ်ဆိုတဲ့ အချက်အလက်တွေမူတည်ပြီး အကြံပေး ဖြစ်ပါတယ်။ ချက်ချင်းရောင်းဝယ်တာ မဟုတ်ဘဲ ခဏငှားနေပြီး အဆင်ပြေမှ ဒီပတ်ဝန်းကျင်မှာ ဝယ်ဖို့အကြံပေးဖြစ်ပါတယ် ”လို့ Shwe Maha Bangkok CEO ဒေါ်အိသက်ရှိန်းက ပြောပါတယ်။
အဆိုပါပွဲမှာ Property တခုတည်းမဟုတ်ဘဲ ဘန်ကောက်မှာ ပြောင်းရွှေ့နေထိုင်ဖို့ စိတ်ကူးနေသူတွေအတွက် Visa ၊ Banking ၊ Company Registration ၊ Investment ၊ ကွန်ဒို နဲ့ ထိုင်းနိုင်ငံမှာ အနှစ် ၃၀ ကျော်နေ ထိုင်လာသူတွေရဲ့ အတွေ့အကြုံတွေအပြင် ကွန်ဒိုနဲ့ပက်သက်တဲ့ သိကောင်းစရာ အကြောင်းအရာတွေကိုလည်း အသေးစိတ်ဆွေးနွေး တိုင်ပင်ပေးနေတာလည်း ဖြစ်ပါတယ်။
“မြန်မာနိုင်ငံကနေ နိုင်ငံခြားမှာ ရင်းနှီးမြှပ်နှံချင်တဲ့သူတွေ ဘယ်လိုမျိုးလုပ်ဆောင်သင့်တာကို တွေ့ဆုံပြီး အကြံဉာဏ်တွေပေးဖြစ်ပါတယ်။ ရေရှည်လုပ်ကိုင်မယ့် စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တာတွေကို လိုအပ်တဲ့ အ ပိုင်းတွေ ဖြည့်ဆည်းပေးပါတယ်။ ကိုယ့်သားသမီး ပညာရေးအတွက်ဆိုလည်း တက်မယ့်ကျောင်းနဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်၊ ကျန်းမာရေးအတွက်ဆိုရင် ဆေးကုသမယ့် ဆေးရုံတွေနီးစပ်ရာတွေ ကျွန်တော်တို့ အကြံပေး ဖြစ်ပါတယ်” လို့ KUDOS International Co – Founder & Managing Director ဦးကျော်ထက်လင်းက ပြောပါတယ် ။