October 19, 2024

၁၅.၁၂.၂၀၂၃

Written By Thandar

ခြံခုန်တတ်သူတချို့ရဲ့ အိမ်ထောင်ရေးဖြစ်ရပ်မှန်ဇာတ် လမ်းပုံစံ “ယုံတမ်း” ဇာတ်လမ်းတွဲ Press Conference Show ကို ‌ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ Kantharyars Rangoon Cineplex မှာ ကျင်းပခဲ့ပါတယ်။

“အိမ်ထောင်သုံးခုရဲ့ ဖြစ်ရပ်မှန်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ အိမ်ထောင်ရေးမှာ ဖောက်ပြန်တဲ့အခါ မဖြစ်သင့်တာတွေ ဖြစ်ကုန်တယ်ပေါ့။ တချို့ အိမ်ထောင်ရေးမှာ ခြံခုန်တတ်တဲ့သူ‌တွေရှိကြတယ်လေ။ ဒီဇာတ်လမ်းလေးက ရသမျိုးစုံ ပရိသတ်တွေလည်း ခံစားရမှာပါ”လို့ ဒါရိုက်တာ မေဘရဏီက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲကို ဇာတ်လမ်း ရွှေရည်ရွန်းလဲ့၊ ဇာတ်ညွှန်း ရွှေရည်ရွန်းလဲ့နဲ့ Bonnie တို့ ရေးသားပြီး ဒါရိုက်တာ မေဘရဏီက သရုပ်ဆောင် ထက်အောင်ရှိုင်း၊ ဝေဖြိုး၊ မျိုးကိုကျော်၊ ခြူးလေး၊ ချိုမဒီသွင်၊ မိုးပွင့်ဖြူ စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကို ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်ကစပြီး အပတ်စဥ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ နံနက် ၇ နာရီက စတင်ပြီး Mahar Application လိုင်းက ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။

“ကိုယ့်ကိုယ်ကိုယ် ကြာကူလီတစ်ယောက်ဖြစ်အောင်ကြိုးစားထားတယ်။ ခြံခုန်တဲ့ ဇာတ်လား ဘာလားဆိုတာကတော့ ပရိသတ်တွေ ကြည့်ရှုကြည့်ကြပါဦး။ ဒါကြောင့် ကျွန်တော် ပရိသတ်မုန်းအောင်လုပ်မှာပါ” လို့ သရုပ်ဆောင် ထက်အောင်ရှိုင်းက ပြောပါတယ်။

လက်ရှိ Mahar Application က Promotion အနေနဲ့ တစ်လစာ(သို့) တစ်လစာအထက် Package ဝယ်ယူရင်းနဲ့ဇာတ်ကားကြည့်ရင် အနုပညာရှင်တွေနဲ့အတူ ညစာစားခွင့်ရရှိမှာဖြစ်ပါတယ်။ ဒ့ါပြင် အချစ်ရေး အချစ်ရာ ခံစားချက်တွေကို ဗေဒင်မေးခွင့်တွေလည်း စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *