October 19, 2024

၁၅. ၁၂. ၂၀၂၃

Written by Nyein Kyaw

စစ်ကိုင်းတိုင်းဒေသေကြီး၊ ထီးချိုင့်မြို့ကို အမြဲတမ်းတိုက်ခိုက်နေသည့် ရန်သူများ၏ အခြေပြုနေရာကို တပ်မတော်က သိမ်းပိုက်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ရေးကောင်စီ (SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“စစ်ကိုင်းတိုင်းဒေသကြီးဘက်မှာတော့ ထီးချိုင့်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။ ထီးချိုင့်ဘက်မှာ သူတို့အခြေပြုပြီးတော့ ထီးချိုင့်မြို့ကို အမြဲတမ်းတိုက်ခိုက်နေတဲ့ ရန်သူ့အခြေပြုနေရာတစ်ခုကို ကျွန်တော်တို့ သိမ်းပိုက်နိုင်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် ယနေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်ဆန်ဒေသတွင် လက်နက်ကိုင်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေး၏ အနှစ်သာရ၊ အကျိုးရလဒ်၊ ငြိမ်းချမ်းရေးနှင့်အတူ ပါလာမည့် ဖွံ့ဖြိုးတိုးတက် မှုများကို နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသား ပြည်သူအားလုံး ခံစားနိုင်အောင် ဦးတည်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *