October 19, 2024

◾ Su-30 SME တိုက်လေယာဉ် ၂ စီးကို တပ်တော်ဝင် ထပ်မံလွှဲပြောင်းခဲ့သည့်အတွက် တိုက်ခိုက်ရည်စွမ်းအား တိုးတက်စေရန် အထောက်အကူပြုမည်ဟုပါ ပြော

၁၅. ၁၂. ၂၀၂၃

Written by Nyein Kyaw

အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ပြီးခဲ့သည့် အောက်တိုလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် အခြားတိုင်းစစ်ဌာနချုပ်နယ်မြေများ၌ ဖြစ်ပွားခဲ့သည့် စစ်ဆင်ရေးများတွင် တပ်မတော်(လေ)ရှိ လေယာဉ်/ရဟတ်ယာဉ်များကို စွမ်းအားအပြည့်အသုံးပြုပြီး တိုက်ပွဲအောင်နိုင်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် တပ်မတော်(လေ) ဖွဲ့စည်းတည်ထောင်မှု (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လေယာဉ်များ တပ်တော်ဝင်အခမ်းနားတွင် ပြောကြားခဲ့သည်။

တိုက်ပွဲဝင်ရာတွင် စွန့်လွတ်စွန့်စားစိတ်ဖြင့် သက်စွန့်ဆံဖျား ကြိုးပမ်းတိုက်ပွဲဝင်ခဲ့သည့် တိုက်ပွဲဝင်စစ်သည်များ အားလုံးကို ချီးကျူးဂုဏ်ပြုကြောင်း အစဉ်အလာကောင်းများကို လေးစားတန်ဖိုးထားပြီး လက်ဆင့်ကမ်းအမွေ ဆက်လက်ထိန်းသိမ်းကြရန် SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယခု ၁၄ ကြိမ်မြောက် တပ်တော်ဝင်အခမ်းအနားတွင် စတုတ္ထမျိုးဆက်လွန် လေကြောင်းအရေးသာမှု လေယာဉ်အမျိုးအစားဖြစ်သည့် Su-30 SME တိုက်လေယာဉ် ၂ စီးကို တပ်တော်ဝင်ပြီး တပ်မတော်(လေ) သို့ လွှဲပြောင်းပေးခဲ့ကာ လေယာဉ်များဖြည့်ဆည်းနိုင်သည့်အတွက် တပ်မတော် (လေ) ရှိ အရာရှိ/စစ်သည်အားလုံး၏ စိတ်ဓာတ်အင်အားကို မြှင့်တင်ပေးရာရောက်သကဲ့သို့ တပ်မတော်အတွက် တိုက်စွမ်းအား၊ တိုက်စွမ်းရည် တိုးတက်မြင့်မားအောင် အထောက် အကူပြုစေမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *