၁၆. ၁၂. ၂၀၂၃
Translated by Htwe Ko Tun
အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက ဂါဇာမြို့၏ ရပ်ကွက်တစ်ခုဖြစ်သော Shejaia ၌ စစ်ဆင်ရေးပြုလုပ်နေစဉ်အတွင်း ဟားမားစ်တို့ဖမ်းဆီးထားသောဓားစာခံသုံးဦးကို အကြမ်းဖက်များဟု မှားယွင်းကာ ပစ်သ-မိခဲ့ကြောင်း ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ပြောကြားခဲ့ကြသည်။
အဆိုပါ အစ္စရေးတပ်ဖွဲ့ဝင်များ မှားယွင်းသ-ဖြ-သည့် ဓားစာခံသုံးဦးမှာ အစ္စရေးနိုင်ငံတောင်ပိုင်း လူနေအခြေစိုက်ဒေသဖြစ်သော Kfar Aza မှ ပြန်ပေးဆွဲဖမ်းဆီးခြင်းခံခဲ့ရသည့် ယိုတမ်ဟိမ်း၊ Nir Am လူနေအခြေစိုက်ဒေသမှ ပြန်ပေးဆွဲခြင်းခံခဲ့ရသည့် ဆာမား တာလာလ် ကာနှင့် အလွန်ရှမ်ရဇ် ဆိုသူ သုံးဦးဖြစ်ကြောင်းလည်း သိရသည်။
ဂါဇာမြို့အတွင်းတိုက်ပွဲများဖြစ်ပွားစဉ် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များကို ၎င်းတို့သုံးဦးက ခြိမ်းခြောက်မှုပြုလာသည်ဟု ယူဆမိပြီး ၎င်းတို့အား ပစ်ခတ်မိခဲ့ခြင်းဖြစ်သည်။ ထိမှန်သေဆုံးထားသော ၎င်းတို့၏ခန္ဓာကိုယ်အလောင်းများကို အစ္စရေးသို့ပြန်ပို့ကာ မည်သူမည်ဝါဆိုသည်ကို ခွဲခြားစစ်ဆေးစေခဲ့ခြင်း ဖြစ်သည်။
အစ္စရေးလုံခြုံရေးတပ်ဖွဲ့ က ထိုဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းမှုများကို ချက်ချင်းပြုလုပ်စေခဲ့ကြောင်း သိရသည်။ သို့သော် နောက်ဆုံးတွင် မည်သို့ဖြစ်ပျက်ခဲ့ပုံအသေးစိတ်ကို လူသိရှင်ကြားထုတ်ပြန်ပြောကြားခြင်းကား မပြုခဲ့ချေ။ အစ္စရေး ကာကွယ်ရေးဝန်ကြီး ဘန်နီ ဂန့်ဇ်က သေဆုံးသူ ဓားစာခံသုံးဦး၏မိသားစုများထံ စာနာကြောင်း သဝဏ်လွှာများပေးပို့ခဲ့ပြီး များစွာကြေကွဲဝမ်းနည်းမိကြောင်း ဖော်ပြခဲ့သည်။ ၎င်းက “ကျွန်တော်ကို့တပ်ဖွဲ့ တွေဟာ တိုင်းပြည်အတွက် အရေးကြီးဆုံးဖြစ်တဲ့ အလွန်ရှုပ်ထွေးတဲ့စစ်ဆင်ရေး အခြေအနေတွေကို ဆောင်ရွက်နေကြရတယ်။ ဒီစစ်ပွဲကြောင့် နာကျင်ခံစားရမှုတွေကလည်း ခါတိုင်းထက် အများကြီးကြီးမားပါတယ်” ဟု တွစ်တာ(X)တွင် ပြောကြားခဲ့သည်။
ဓားစာခံများနှင့် ပျောက်ဆုံးနေသူများ၏ မိသားစုများဆွေးနွေးပွဲဖိုရမ်ကလည်း အဆိုပါ ဓားစာခံသုံးဦး သေဆုံးရခြင်းအတွက် များစွာကြေကွဲဝမ်းနည်းမိကြောင်းပြောကြားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် နေတန် ရာဟုကလည်း အစ္စရေးနိုင်ငံသားအားလုံးနှင့်အတူ ဖမ်းဆီးခံထားရသော ဓားစာခံသုံးဦး တိုက်ပွဲ၌ မတော်တဆ သေဆုံးရမှုအား များစွာကြေကွဲမိပါကြောင်း ပြောကြားခဲ့သည်။
Ref——-Jerusalem Post