၁၆. ၁၂. ၂၀၂၃
Translated by Thettant
ယူကရိန်းနိုင်ငံအနောက်ပိုင်းက တောတောင်ထူထပ်ရာဒေသဖြစ်တဲ့ Zakarpattia ဒေသ၊ Keretsky ရွာကောင်စီအစည်းအဝေးအတွင်းမှာ ယူကရိန်းသမ္မတဇီလန်းစကီးရဲ့ Servant of the People ပါတီရဲ့ လွှတ်တော်အမတ် Serhiy Batryn လို့ ယူဆရတဲ့ အမျိုးသားက အစည်း အဝေးအခန်းကျဥ်းထဲဝင်လာပြီး ဗုံးသုံးလုံးခွဲလို့ ၂၆ ဦး ဒဏ်ရာရပြီး ၆ ဦးက စိုးရိမ်ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေပါတယ်။
ယူကရိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ထဲက ဖြစ်စဥ်ဟာ သောကြာနေ့(ဒီဇင်ဘာ ၁၅ ရက်) ဖြစ်ခဲ့တာဖြစ်ပြီး ရုပ်သံအရ အသက် ၆၀ လောက်အမျိုးသားတစ်ဦးက လူ ၃၀ လောက် စုဝေးတိုင်ပင်နေတဲ့ အစည်းအဝေးခန်းထဲဝင်လာပြီး ခဏရပ်တန့်ကာ စကားတချို့အော်ပြောရင်း သူ့အိတ်ကပ်ထဲ အသင့်ထည့်လာတဲ့ လက်ပစ်ဗုံးသုံးလုံးကို လုံခြုံရေးပင်ဆွဲဖြုတ် နှစ်လုံးကို ကြမ်းပြင်ပေါ်ပစ်ထည့်လိုက်လို့ ဆက်တိုက်ပေါက်ကွဲသွားပြီး ကျန်တစ်လုံးကတော့ သူ့လက်ထဲမှာ ပေါက်ကွဲသွားတဲ့ပုံစံတွေ့မြင်ရတာပါ။
Keretsky ဟာ ဟန်ဂေရီနယ်စပ်နဲ့မဝေးတဲ့ လူ ၄၀၀၀ လောက်နေတဲ့ရွာဖြစ်ပြီး ကျေးရွာကောင်စီဝင်တွေဟာ ၂၀၂၄ ဘတ်ဂျက်ကို အသည်းအသန်ဆွေးနွေးနေချိန််မှာ ဗုံးခွဲသူက ဘတ်ဂျက်ကို ကန့်ကွက်ပြီး သူ့အပေါ်အာရုံစူးစိုက်မှုမရချိန်မှာ ဗုံးကို ပစ်ဖောက်ခွဲဲခဲ့တာပါ။
ဗုံးသုံးလုံးဆက်တိုက်ပေါက်ပြီးတဲ့နောက်မှာ အခန်းကျဥ်းထဲ မီးခိုးငွေ့တွေပြည့်နှက်သွားပြီး အခန်းထဲက အမျိုး သား၊ အမျိုးသမီးတွေရဲ့ နာကျင်စွာညည်းညူသံပဲကြားနေရသလို ဒီဖြစ်စဥ်ကြောင့် လူ ၂၆ ဦးဒဏ်ရာရခဲ့ပြီး ၆ ဦးကတော့ စိုးရိမ်ရအခြေအနေပါ။
ယူကရိန်းသတင်းစာတစ်စောင်ဖြစ်တဲ့ Ukrainska Pravada ရဲ့ ဖော်ထုတ်ချက်အရ သူဟာ လက်ရှိသမ္မတဇီလန်းစကီးရဲ့ Servant of the Party က လွှတ်တော်အမတ် Serhiy Batryn လို့လည်း ဖော်ပြခဲ့တာပါ။ လက်ရှိမှာတော့ Serhiy Batryn က သူခွဲတဲ့ဗုံးဒဏ်ကြောင့် သေဆုံးသွားပြီလို့ ကနဦးသတင်းတွေထွက်နေသလို ကယ်ဆယ်ဖို့ကြိုးပမ်းနေတယ်လို့လည်း ဖော်ပြခဲ့တာပါ။ လက်ရှိမှာ Ukrainian Secret Service က အကြမ်းဖက်မှုကို စုံစမ်းစစ်ဆေးနေသလို ရဲတပ်ဖွဲ့ကလည်း အမှုဖွင့်စစ်ဆေးနေတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
Ref; CBS & BBC