October 19, 2024

၁၅. ၁၂. ၂၀၂၃
Written By Thandar

ကားချစ်သူတွေအတွက် MG Myanmar ရဲ့ Customer Lounge Showroom သစ်ဖွင့်ပွဲကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Myanmar Plaza မှာ ကျင်းပခဲ့ရာ ထပ်ဆင့်အကယ်ဒမီနေတိုး၊ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့အပြင် နာမည်ကြီး အနုပညာရှင်များစွာက တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို ထပ်ဆင့်အကယ်ဒမီနေတိုး၊ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်၊ အကယ်ဒမီ ထွန်းထွန်း၊ တိုင်ရွန်၊ အဆို‌တော် သရုပ်ဆောင် အုပ်စိုးခန့်၊ မေမီကိုကို၊ သီရိကျော်နဲ့တာဝန်ရှိသူတွေက တက်ရောက်ခဲ့ကြပါတယ်။

” ဒီနေရာက ကားရောင်းဖို့ကိုပဲ လုပ်နေတာမျိုးမဟုတ်ဘဲ သူ့ Customer တွေကိုဆိုရင် အရမ်းအလေးထားပြီးတော့ အစားအစာတွေ စားသောက်ရင်းနဲ့ MG Myanamr မှာ လေ့လာနိုင်ပါတယ်”လို့ သရုပ်ဆောင်တိုင်ရွန်က ပြောပါတယ်။

ဆန်းသစ်တီထွင်မှုနဲ့ ကြီးကျယ်ခမ်းနားထည်ဝါမှုတွေကို တစ်နေရာတည်းမှာ ကိုယ်တိုင်ရယူခံစားနိုင်စေမယ့် Luxury Experience တွေကို MG Myanmar ရဲ့ MG Privilege Lounge မှာ အမိုက်စားပြင်ဆင်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *