October 19, 2024

၁၅. ၁၂. ၂၀၂၃
Written by Nay Moe

ပုလောမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ အလယ်ကုန်းရွာမှာဖြစ်ခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင် ၇ ဦးထဲက ၂ နှစ်သားကလေးငယ်ပါမချန် အကုန်လုံးကို သ-ဖြ-တဲ့ လူသတ်တရားခံတွေထဲက ၁ ဦးကို ဖမ်းမိထားပြီး သ-ဖြ-မှုမှာ ပုလောက PDF တွေ ပါဝင်ပတ်သက်နေတယ်လို့ ပုလောစစ်ကြောင်း – ၁ ထုတ်ပြန်ချက်နဲ့ မီဒီယာတွေကို ဖြေဆိုထားမှုအရ သိရပါတယ်။

၂ နှစ်သားကလေးပါမချန် ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစုလိုက်ကို သ-ဖြ-မှုဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် ည ၈ နာရီ ၂၀ ကျော်အချိန်မှာဖြစ်ခဲ့တာဖြစ်ပြီး ပုလောမြို့၊ ပလောက်မြို့နယ်(ခွဲ)၊ ကျောက်လုံးကြီးရွာအုပ်စု၊ အလယ်ကုန်းရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်ရဲ့ ဇနီး ဒေါ်ကြင်နွဲ့၊ သမီး ဒေါ်သန်းသန်းမော်အသက်(၄၂)နှစ်၊ မြေးဖြစ်တဲ့ မောင်နေထက်သိန်း အသက်(၁၇)နှစ်၊ မောင်ဇေယျာအောင် အသက်(၁၆) နှစ်၊ မောင်စိုးမင်းပိုင် အသက်(၁၃)နှစ်၊ မမေဇင်ဖြူ အသက်(၉)နှစ်နဲ့ မောင်သားသား အသက်(၂)နှစ်ကျော်တို့ကို ပုလော PDF တွေက သ-ဖြ-တာဖြစ်ပြီး အဓိကသ-ဖြ-ချင်တဲ့ အုပ်ချုပ်ရေးမှူးဦးမြင့်အောင်ကို မတွေ့ချိန်မှာ ကျန်တဲ့မိသားစုအကုန် ၂ နှစ်သားကလေးပါမချန် PDF တွေက သ-ခဲ့တာပါ။

ဒီလိုမျိုး ပုလော PDF က ဒလန်လို့ သတ်မှတ်တဲ့ ဦးမြင့်အောင်ကို မတွေ့တာနဲ့ ကျန်တဲ့မိသားစုနဲ့ လူမမယ်ကလေးပါမကျန်သ-ဖြ-လို့ ပုလော PDF တွေ သိက္ခာကျခဲ့တာကြောင့် စုံစမ်းချိန်မှာ လူသ-မှုမှာပါဝင်တဲ့ ညောင်ရှင်ကုန်းရွာက ဦးကြာဇိုင်+ဒေါ်လင်းကြည့်တို့ရဲ့သား ဝင်းထွန်း အသက်(၅၅)နှစ်ကို ပုလောစစ်ကြောင်း – ၁ က ဒီဇင်ဘာ ၁၁ ရက်မှာ ကျောက်လုံးကြီး ကျေးရွာအုပ်စု၊ ညောင်ရှင်ကုန်းရွာအထိ သွားရောက်ဖမ်းဆီးခဲ့သလို ဝင်းထွန်းကလည်း အုပ်ချုပ်ရေးမှူးဦးမြင့်အောင်ရဲ့ မိသားစု ၇ ဦးကို သ-ဖြ-ခဲ့တဲ့အပြင် သူက လမ်းလည်းပြခဲ့တာ ဝန်ခံထားတယ်လို့ ပုလောစစ်ကြောင်း – ၁ က သိရပါတယ်။

ပုလောစစ်ကြောင်း – ၁ က စစ်ကြောင်းမှူး ကိုကျော်ဇောက မီဒီယာကို ဖြေဆိုရာမှာ ဒလန်ဖြစ်တဲ့ဖခင်(အုပ်ချုပ်ရေးမှူးဦးမြင့်အောင်) ကိုပဲမရှင်းဘဲ မိသားစုအကုန်လုံးသ-သွားလို့ တော်လှန်ရေးအဖွဲ့ သိက္ခာကျရတာ၊ ၂ နှစ်သားကလေးပါမချန်သ-တာက လူမဆန်တာ၊ ဒီမိသားစု ၇ ဦးကို သ-တဲ့အထဲ တော်လှန်ရေးအဖွဲ့ဝင်တွေပါနေတာကို ဝန်ခံထားပြီး အသေးစိတ်စစ်ဆေးဖော်ထုတ်ပြီးရင် ပုလောမြို့နယ် ပအဖ တရားစီရင်ရေးကို လွှဲပြောင်းပေးမယ်လို့ ဖြေဆိုထားပါတယ်။

ဦးမြင့်အောင်၏ မိသားစုဝင် ၇ ဦးကို ပုလော PDF များ သတ်ဖြတ်ခဲ့ချိန်က MT News သတင်းဌာန ဖော်ပြခဲ့သည့်သတင်း ပြန်လည်ဖတ်ရှုရန်

Leave a Reply

Your email address will not be published. Required fields are marked *