October 19, 2024

၁၅. ၁၂. ၂၀၂၃
Written by KL

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့ကန်ဦးရပ်ကွက်၊ အမှတ်(၁)ရေကန် (​ဒေသအခေါ် -တွင်းစောက်ကန်) တွင် ဒီဇင်ဘာ ၁၄ ရက် ညနေ ၅ နာရီခန့်က အသက် ၁၈ နှစ်အရွယ် ရေနစ်သေဆုံးသော အမျိုးသားငယ်တစ်ဦး၏ အလောင်းကို တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ရေနစ်သေဆုံးသူမှာ ဘော်ဆိုင်းမြို့ရှိ စျေးပွဲတော်တွင် လာရောက်ဖွင့်လှစ်သော အပျော်စီး ပင်လယ်ဓားပြလှေမှ ဝန်ထမ်းတစ်ဦးဖြစ်​ကြောင်း၊ ၁၃ ရက်နေ့ နေ့လယ်က တောင်ဘက်ကမ်းမှ မြောက်ဘက်ကမ်းသို့ ကူးခတ်စဥ် ရေလယ်တွင် ရေနစ်ကာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေနစ်သူကို အနီးရှိသူများနှင့် ပင်းတယပရဟိတအသင်းမှအသင်းဝင်များ ရှာဖွေခဲ့ရာ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။

ရေနစ်သေဆုံးသူ၏ ရုပ်အလောင်းကို ပင်းတယမြို့နယ်ပြည်သူဆေးရုံရှိ ရင်ခွဲရုံသို့ ပို့အပ်ထားကြောင်း ပင်းတယပရဟိတအသင်းထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *