၁၅. ၁၂. ၂၀၂၃
Written by Pan Ei
အာဂျင်တီးနားအသင်းချန်ပီယံအဖြစ် အောင်ပွဲခံခဲ့တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာကျော် ဘောလုံးသမား မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ဂျာစီအင်္ကျီခြောက်ထည်ကို နယူးယောက်မြို့မှာ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ လေလံပွဲတစ်ခုအတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ သန်းနဲ့ ရောင်းချခဲ့ပါတယ်။
မက်ဆီ ရဲ့ ဂျာစီ ၆ ထည် စုဆောင်းမှုမှာ ကာတာမှာ ပြင်သစ်နဲ့ ဗိုလ်လုပွဲ ပထမပိုင်းအတွင်း မက်ဆီဝတ်ဆင်ခဲ့တဲ့ အင်္ကျီလည်း ပါဝင်တယ်လို့ သိရပါတယ်။
“ဒီသမိုင်းဝင်အင်္ကျီတွေဟာ အားကစားသမိုင်းမှာ အရေးကြီးဆုံးအချိန်တွေထဲက တစ်ခုကို မြင်သာထင်သာဖြစ်စေပြီး အမှတ်ရစေရုံသာမကဘဲ သမိုင်းတစ်လျှောက် အခမ်းနားဆုံး ဘောလုံးကစားသမားရဲ့ ကစားသမားဘဝ အထွတ်အထိပ်အချိန်နဲ့ အဓိကဆက်စပ်နေပါတယ်” လို့ လေလံပွဲက အကြီးအကဲတစ်ဦးက ပြောကြားခဲ့ပါတယ်။
၁၉၉၈ ခုနှစ် NBA ဖိုင်နယ်အဖွင့်ပွဲမှာ မိုက်ကယ်ဂျော်ဒန် ဝတ်ဆင်ခဲ့တဲ့ ဂျာစီကတော့ ပြီးခဲ့တဲ့နှစ်က လေလံပွဲမှာ အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၁ သန်း ရရှိခဲ့ပြီး အဲ့ဒီပမာဏဟာ ကစားသမားတွေ ကစားစဉ်ဝတ်ဆင်ခဲ့တဲ့ အားကစားအမှတ်တရပစ္စည်းအတွက် ပေးချေမှုအမြင့်ဆုံးဈေးနဲ့ စံချိန်တင်ခဲ့ပြီး မက်ဆီရဲ့ ဂျာစီခြောက်ထည်ဟာ မိုက်ကယ်ဂျော်ဒန်ရဲ့ ဂျာစီတစ်ထည်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပါဘူး။
ဒါ့အပြင် ဘောလုံးလောကရဲ့ ဂန္တဝင်တစ်ပါးအဖြစ် ညွှန်းဆိုကြတဲ့ ဒီယေဂိုမာရာဒိုနာရဲ့ “ဘုရားပေးတဲ့လက်”လို့ နာမည်ကျော်ခဲ့တဲ့ ၁၉၈၆ ခုနှစ်က အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ အနိုင်ဂိုးသွင်းစဥ်ဝတ်ဆင်ခဲ့တဲ့ ဂျာစီဖြစ်ပြီး အဲဒီဝတ်စုံကလည်း ဒေါ်လာ ၉ ဒသမ ၃ သန်းနဲ့ ရောင်းချနိုင်ခဲ့တာဖြစ်လို့ GOAT မက်ဆီဟာ ဂျာစီလေလံမှာတော့ မိုက်ကယ်ဂျော်ဒန်နဲ့ မာရာဒိုနာကို မကျော်ဖြတ်နိုင်ခဲ့ဘူးလို့ဘဲ ဆိုရမှာပါ။
Ref; Reuters, usa today