October 19, 2024

၁၄. ၁၂. ၂၀၂၃
Written by Pan Ei

မကြာခင်ရောက်ရှိလာတော့မယ့် နှစ်သစ်ကူးကာလအတွက် စင်္ကာပူကုမ္ပဏီ ၁၀ ခုမှာ ၈ ခုက ဝန်ထမ်းတွေကို ဘောနပ်စ်အဖြစ် တစ်လစာပေးဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

ဘောနပ်စ်တွေကို နိုင်ငံတဝှမ်းက အလုပ်ရှင်တွေရဲ့ ၈၄ ရာခိုင်နှုန်းခန့်က ချီးမြှင့်ဖို့ စီစဉ်ထားတာဖြစ်ပေမဲ့ အဲ့ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်က အလားတူကာလက မှတ်တမ်းတင်ထားတဲ့ ၈၇ ရာခိုင်နှုန်းထက် အနည်းငယ် လျော့နည်းနေတယ်လို့ စင်ကာပူက အလုပ်ရှင် ၅၂၅ ဦးကို စစ်တမ်းကောက်ယူခဲ့တဲ့ ManpowerGroup က ပြောကြားခဲ့ပါတယ်။

ကုန်စည်နဲ့ ဝန်ဆောင်မှုအခွန်တိုးမြင့်ခြင်းနဲ့ လူနေမှုစရိတ်တွေ မြင့်တက်လာခြင်းတို့ကြောင့် ကုမ္ပဏီတွေက ဝန်ထမ်းတွေရဲ့ စွမ်းရည်တွေကို ထိန်းသိမ်းဖို့နဲ့ အပြိုင်အဆိုင်ကုမ္ပဏီတွေအကြားမှာ ဆွဲဆောင်မှုယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းဖို့ ဗျူဟာတစ်ခုအဖြစ် ဘောနပ်စ်တွေ ချီးမြှင့်ပေးတာဖြစ်တယ်လို့ ManpowerGroup စင်ကာပူနိုင်ငံ မန်နေဂျာ Linda Teo က ပြောကြားခဲ့ပါတယ်။

ယေဘုယျအနေနဲ့ လုပ်ငန်းကြီးတွေက တစ်လစာထက်ပိုတဲ့ ဆုကြေးကို ပေးနိုင်ခြေရှိပြီး လူ ၁,၀၀၀ ကနေ ၄,၉၉၉ ကြား အလုပ်ခန့်ထားတဲ့ ကုမ္ပဏီကြီးတွေရဲ့ စုစုပေါင်း ၄၃ ရာခိုင်နှုန်းနဲ့ ဝန်ထမ်း ၅၀၀၀ ဒါမှမဟုတ် အဲ့ဒီထက်ပိုတဲ့ လုပ်ငန်းကြီးတွေရဲ့၄၄ ရာခိုင်နှုန်းက တစ်လစာထက်ပိုတဲ့ ဆုကြေးငွေတွေကို ထုတ်ပေးဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ လူ ၁၀ ယောက်ကနေ ၄၉ ယောက်အထိ အလုပ်ခန့်ထားတဲ့ အသေးစား လုပ်ငန်းတွေရဲ့ ၂၀ ရာခိုင်နှုန်းကသာ တစ်လစာကို ဘောနပ်စ်အနေနဲ့ ပေးဖို့ သဘောတူညီထားပြီး လူအယောက် ၅၀ ကနေ ၂၄၉ ယောက်ကို အလုပ်ခန့်ထားတဲ့ အလတ်စားလုပ်ငန်း ၃၁ ရာခိုင်နှုန်းက ခုလိုလုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။

ဒါပေမဲ့ လူ ၁၀ ဦးထက်နည်းတဲ့ အလုပ်ခန့်ထားတဲ့ အသေးစား ကုမ္ပဏီတွေရဲ့ ၃၂ ရာခိုင်နှုန်းဟာ ပျမ်းမျှလစာထက် ပိုတဲ့ ဘောနပ်စ်တွေကို စီစဉ်ပေးထားနဲ့အညီ လမ်းကြောင်းကို ပြောင်းပြန်လှန်စေခဲ့ပါတယ်။

စီးပွားရေးအခြေအနေ အားနည်းနေပေမဲ့ ကုမ္ပဏီများစွာက ဝန်ထမ်းတွေကို သူတို့ရဲ့ ပံ့ပိုးကူညီမှုတွေအတွက် တစ်နှစ်တာဘောနပ်စ်တွေကို ဆက်လက်ချီးမြှင့်နေကြဆဲဖြစ်တယ် လို့လည်း Linda Teo ဆက်လက် ပြောကြားခဲ့ပါတယ်။

Ref; The Star

Leave a Reply

Your email address will not be published. Required fields are marked *