October 19, 2024

လုယက်မှုတွင် ကျပ်သိန်း ၂၅၀ ကျော်နှင့် ဆိုင်ကယ် ၇ စီးပါသွားသည်ဟုသိရပြီး အခြား PDF တစ်ဖွဲ့က ကျုးလွန်ခြင်းဖြစ်နိုင်၍ စုံစမ်းနေဟု ပြော

၁၄. ၁၂. ၂၀၂၃
Written by Nay Moe

စလင်းမြို့နယ် သရက်တောနဲ့ လယ်သာကြားက ချေးငွေလုပ်ငန်းတစ်ခုကို PDF တစ်ဖွဲ့က ဓားပြတိုက်မှုဖြစ်ပွားပြီး ငွေသား ၂၅,၈၄၅,၀၀၀ ကျပ်နဲ့ ဆိုင်ကယ် ၇ စီးလုယက်သွားတာနဲ့ပတ်သက်ပြီး မင်းဘူးခရိုင်အမှတ် ( ၅ )တပ်ရင်းက ကျုးလွန်တာဟာ သူတို့အဖွဲ့မဟုတ်ဘူးလို့ ဒီနေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။

PDF တွေရဲ့ ဓားပြတိုက်မှုဖြစ်စဥ်ဟာ ဒီဇင်ဘာ ၅ ရက်နေ့လယ် ၃ နာရီခွဲအချိန်မှာ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းက ချေးငွေလုပ်ငန်းတစ်ခုကို ဓားပြတိုက်ပြီး ငွေသားနဲ့ ဆိုင်ကယ်ပါ သိမ်းယူသွားခဲ့တာပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နယ်မြေခံတပ်ရင်းဖြစ်တဲ့ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း အနေဖြင့် (လုံးဝ) ပါဝင်ပတ်သက်ခြင်း မရှိသလို ဒီလိုမျိုး အောက် တန်းကျတဲ့လုပ်ရပ်ကို လျှာပေါ်မြက်ပေါက်တဲ့အခြေအနေ ရောက်နေရင်တောင် မင်းဘူးခရိုင် အမှတ် ( ၅ ) တပ်ရင်းအနေဖြင့် ကျူးလွန်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

“အခြား Local PDF တွေ လုပ်တာဖြစ်နိုင်လို့ စုံစမ်းနေပါတယ်” လို့ မင်းဘူးခရိုင်အမှတ် (၅) တပ်ရင်းက ထုတ်ပြန်ချက်အောက် မေးမြန်းမှုကိုဖြေဆိုထားပါတယ်။

မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းက ဓားပြတိုက်မှုကျုးလွန်တဲ့ PDF အဖွဲ့ကို စုံစမ်းဖမ်းဆီးပြီး ထိရောက်စွာအရေးယူမယ်ဆိုပြီး ထုတ်ပြန်ချက်မှာကြေညာထားသလို စလင်းမြို့ကပြည်သူတွေကလည်း ဓားပြတိုက်တဲ့ PDF အဖွဲ့ဟာ မင်းဘူးခရိုင်အမှတ်( ၅)တပ်ရင်းက PDF တွေလို့ အထင်အမြင်လွဲနေတဲ့အတွက် ဒီလိုပြစ်မှုကို မကျုးလွန်ဘူးဆိုတာနဲ့ ဒီလိုဓားပြတိုက်တဲ့ PDF တွေကို ကန့်ကွက်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *