October 19, 2024

၁၄. ၁၂. ၂၀၂၃
Written by Pan Ei

တေလာဆွစ်ရဲ့The Eras Tour ကမ္ဘာလှည့်ဖျော်ဖြေပွဲဟာ တရားဝင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်ရရှိခဲ့တဲ့ ပထမဆုံးဂီတဖျော်ဖြေပွဲဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် မတ်လက စတင်ခဲ့တဲ့ အဲ့ဒီဖျော်ဖြေရေးခရီးစဉ်ဟာ ကမ္ဘာတဝှမ်းမှာ စုစုပေါင်း ၁၅၁ ပွဲ ဖျော်ဖြေပြီးနောက် ဒီနေ့အထိ အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၄ ဘီလီယံ ရရှိထားပြီး ဖျော်ဖြေပွဲခရီးစဉ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ပြီးဆုံးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

တေလာဆွစ်ရဲ့ The Eras Tour ရှိုးပွဲဟာ အခုနှစ်အစောပိုင်းက ပြီးဆုံးခဲ့တဲ့ အယ်လ်တန်ဂျွန်ရဲ့ငါးနှစ်ကြာ နှုတ်ဆက်ဖျော်ဖြေပွဲက ရရှိထားတဲ့ ရှိုးပွဲပေါင်း ၃၂၈ ပွဲမှာ အမေရိကန်ဒေါ်လာ ၉၃၉ သန်း ရရှိခဲ့တဲ့ စံချိန်ထက် ကျော်လွန်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဖျော်ဖြေပွဲတွေမှာ တေလာဆွစ်ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေအပေါ် ဝေဖန်သူတွေဆီကနေ အလွန် အပြု သဘောဆောင်တဲ့ သုံးသပ်ချက်တွေကို ရရှိထားပြီး လက်မှတ်ရောင်းတဲ့ ဆိုတ်တွေ ပျက်ကျတာတွေ၊ ဖျော်ဖြေပွဲလုပ်တဲ့ မြို့က ဟိုတယ်အခန်းတွေ အကုန်ပြည့်ကုန်တာတွေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဆီယက်တဲမြို့မှာ ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲအတွင်း ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် ငလျင်အသေးစားတစ်ခုဖြစ်ပွားခဲ့တဲ့အထိ ပရိသတ်တွေကလည်း အပြည့်အဝကို အားပေးခဲ့ကြတာပါ။

ဖျော်ဖြေပွဲတစ်ခုစီမှာ အကြမ်းဖျင်းအနေနဲ့ လူပေါင်း ၇၂,၀၀၀ ခန့် တက်ရောက်ကြပြီး လက်မှတ်တွေရဲ့ ဈေးနှုန်းကလည်း ပျမ်းမျှ ၂၃၈ ဒေါ်လာဝန်းကျင်ရှိကာ ဖျော်ဖြေပွဲတစ်ခုကို ဒေါ်လာ ၁၇ သန်းကျော် ရရှိတယ်လို့လည်း သိရပါတယ်။

The Eras Tours ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ လာမယ့်နှစ် မတ်လ စင်ကာပူနိုင်ငံမှာ ဖျော်ဖြေသွားမှာဖြစ်ပြီး အဲ့ဒီ ဖျော်ဖြေပွဲဟာ အရှေ့တောင်အာရှမှာ ကျင်းပမယ့် တေလာဆွစ်ရဲ့တစ်ခုတည်းသော ဖျော်ဖြေပွဲလည်းဖြစ်ပါတယ်။

Ref; Guninessworldrecords

Leave a Reply

Your email address will not be published. Required fields are marked *