၂၄. ၁၁. ၂၀၂၂
Written by Nay Moe
Cobra Column စစ်ကြောင်းမှ ဦးဆောင်မှုဖြင့် Federal Wings က Drone များဖြင့် ၁၂ ကြိမ်ပျံသန်းပြီး ဗုံး ၃၇ လုံးဖြင့် တိုက်ခိုက်မှုကြောင့် လခရ ၈ ဦးကျသည်ဟု Cobra Column က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုမှာ နော်အဲ့မူအပါအဝင် ထောက်ပို့တပ်သားများ သေဆုံးသည့်ဖြစ်စဥ်အတွက် ပြန်လည်တိုက်ခိုက်ခြင်းဖြစ်ပြီး ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ မြဝတီ-ဝေါလေလမ်းပိုင်း ဘလက်ဒိုရွာအနီးရ စခန်းချနေသည့် ခမရ (၁၀၂) အား Cobra Column ဦးဆောင်မှုဖြင့် KNDO တပ်ရင်း (၈) တပ်ဖွဲ့ဝင်များ ၊ ရောင်နီဒရုန်းတပ်ဖွဲ့နှင့် Federal Wings ဒရုန်းတပ်ဖွဲ့များမှ နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းမှစတင်၍ ညသန်းခေါင်ယံအချိန်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
Federal Wings တပ်ဖွဲ့အနေဖြင့် ပျံသန်းတိုက်ခိုက်မှု ၁၂ ကြိမ်တွင် ဗုံး ၃၇ လုံး အသုံးပြုတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများအတွင်း လခရတပ်ဖွဲ့ဝင် ၈ ဦး ကျပြီး တပ်ရင်းမှူး ဗိုလ်မှူး ဇော်မျိုးအောင် အပါအဝင် ၁၅ ဦးခန့် ဒဏ်ရာပြင်းထန်စွာရရှိကြောင်း စစ်မြေပြင်သတင်းများအရ သိရှိရသည်ဟု ဆိုသည်။