October 19, 2024

၁၄. ၁၂. ၂၀၂၃
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊ အောင်ပန်း-အိုင်ယား-ငုံးသုန်လမ်း၊ ထင်းရူးကုန်းရွာအဝင်တံတားနေရာ၌ ဒီဇင်ဘာ ၁၃ရက် ညနေပိုင်းက အမျိုးသားနှစ်ဦး စီးနင်းလာသော ဆိုင်ကယ်မှာ တံတားအုတ်တိုင်များကို တိုက်မိပြီး ပေ၂၀ ခန့်မြင့်သောတံတားအောက်သို့ ပြုတ်ကျရာမှ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အဆိုပါဆိုင်ကယ် တံတားအောက်သို့ ပြုတ်ကျမှုကြောင့် ဒဏ်ရာရရှိသူနှစ်ဦးကို ဒေသခံများနှင့်ပူးပေါင်းကာအောင်ပန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဥ် ဒဏ်ရာများ ပြင်းထန်သဖြင့် အသက် ၅၀ အရွယ် အမျိုးသားမှာ ဆေးရုံရောက်ပြီး မကြာခင် သေဆုံးခဲ့ကြောင်း သိရှိရသည်။ ကျန်ရှိသော ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားကို ကလောမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

“ဆုံးသွားတဲ့အစ်ကိုက လူချစ်လူခင်လည်းပေါတယ်။ ဖော်ရွေတယ်။ လူအများကိုလည်း ကူညီတယ်။ မဆုံးခင် မနက်ပိုင်းက​တောင် အသိတွေကိုနှုတ်ဆက်နေသေးတာ။ ကြားကြားချင်း မယုံနိုင်ဘူး။ ဒီနေ့​ နေ့လယ် ၂ နာရီ မင်းဂူသုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်မှာပါ”ဟု ဒေသခံတစ်ဦးက ​​ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *