October 19, 2024

၁၄. ၁၂. ၂၀၂၃
Written by Nay Moe

ကျောင်းအုပ်ဆရာမကြီးတစ်ဦးနှင့် သမဝါယမကောလိပ်မှ ဆရာမသုံးဦးကို ကျောင်းဆက်ဖွင့်ပါက သ-ဖြ-မည်ဟု PDF များက စာပို့ခြိမ်း​ခြောက်မှုများ ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဥ်များမှာ ဒီဇင်ဘာ ၁၁ ရက် နံနက် ၈ နာရီ ၅၀ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ခေတ္တကျောင်းအုပ် ဆရာမကြီး ဒေါ်— (၅၄)နှစ်သည် စာသင်ကျောင်း၌ရှိနေစဉ် ကျောင်းအုပ်ဆရာမကြီးထံသို့ဟု လိပ်မူပေးပို့သည့် စာတစ်စောင်ရောက်ရှိလာသဖြင့် ဖွင့်ဖောက်ကြည့်ရှု့ခဲ့ရာ “မနက်ဖြန်မှစ၍ ကျောင်းပိတ်ရန်နှင့် ကျောင်းမပိတ်ပါက ဆရာမကြီး၏အသက်အား အာမ မခံနိုင်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF မှ”ဟု ရေးသားထားသည့် ခြိမ်းခြောက်စာတစ်စောင်နှင့် ၅.၅၆ ကျည်တစ်တောင့်တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး သိမ်းဆည်းခဲ့ကြောင်းနှင့် အဆိုပါကျောင်း၌ ဆရာ၊ ဆရာမ ၁၆ ဦးမှ ကျောင်းသူ၊ ကျောင်းသား ၆၉၀ တို့အား ပညာ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာရှိ သမဝါယမကောလိပ်(မန္တလေး)မှ ဆရာမများဖြစ်သည့် ဒေါ်—-၊ ဒေါ်—- နှင့် ဒေါ်—- တို့သုံးဦး၏ လက်ကိုင်ဖုန်းများသို့ အကြမ်းဖက်သမား (စိစစ်ဆဲ)က ဖုန်းအမှတ် ၀၉-၉၆၆၆၄၈၉၀၈ အသုံးပြုကာ “သွေးသောက်ညီနောင်အဖွဲ့မှ ၂၀၂၃ ဒီ ၁၁ ရက်နေ့မှစ၍ ကျောင်းမသွားခြင်း၊ ရုံးမတက်ခြင်းဖြင့် ကူညီရန်၊ ကျောင်းသွားပါက ကျည်ဆံနှင့် အက်ဆီးဒန့်တစ်ခုခုလတ်ဆောင်ပေးမည်” ဟူသော စာသား Message များ ပေးပို့ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ နိုဝင်ဘာလအထိ အစိုးရဝန်ထမ်းများကို “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်စေသူ”ဆိုသည့် စွပ်စွဲချက်ဖြင့် PDF များက သ-ဖြ-မှုတွင် ပြည်သူ ၆၈၀၀ ခန့် သေ-ဆုံးထားပြီး ထိုအထဲတွင် ဆရာ၊ ဆရာမ ၈၈ ဦး၊ ကျောင်းသားကျောင်းသူနှင့် ကလေးငယ် ၂၃၀ ကျော် သ-ဖြ-ခံထားရသလို ကျောင်းနှင့် ပညာရေးဆိုင်ရာအဆောက်အအုံ ၈၀၀ ခန့်ကိုလည်း PDF များက ဗုံးခွဲခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *