၁၂. ၁၂. ၂၀၂၃
Written by MMAK
◾ PSV Vs အာဆင်နယ်
အာဆင်နယ် အုပ်စုပထမနေရာနဲ့ အုပ်စုတက်ပြီးသား ဖြစ်တဲ့အတွက် ဒီပွဲဟာ အရေးမပါတော့လို့ အရံကစားသမားတွေ လူငယ်ကစားသမားတွေနဲ့ ပွဲထွက်လာပြီး အဓိကစားသမားတွေကို အနားပေးထားမျိုး တွေ့ရနိုင်ပါတယ်။ အဝေးကွင်းမှာ အာဆင်နယ်အသင်းက ပြားနှစ်ဆယ် အရှုံးပေးထားတာ ဖြစ်တဲ့အတွက် သရေကျရင်တောင် PSV အသင်းအနေနဲ့ ကြေးစားရမှာ ဖြစ်ပါတယ်။
နယ်သာလန်လိဂ်မှာ ထိပ်ဆုံးက ရပ်တည်ထားနိုင်သလို ခြေစွမ်းရော တိုက်စစ်ရော ကောင်းတဲ့ အိမ်ရှင် PSV အသင်း မရှုံးနိုင်ပါဘူး။ အမှတ်မလိုအပ်တော့တဲ့ အာဆင်နယ်အသင်းကြောင့် ဒီပွဲမှာ အိမ်ရှင် PSV ကို ရွေးချယ်ထားချင်ပါတယ်။
◾ လန်းစ် Vs ဆီးဗီးလား
ယူရိုပါလိဂ်ဆင်းကစားဖို့ အခွင့်အရေးရှိနေတဲ့ နှစ်သင်းဖြစ်ပါတယ်။ ဆီးဗီးလား အနေနဲ့ အဝေးကွင်းမှာ အနိုင်ရမှ ယူရိုပါလိဂ် ဆင်းကန်ရမှာဖြစ်ပေမဲ့ အိမ်ရှင်လန်းစ်ကတော့ သရေကျရင်တောင် ယူရိုပါလိဂ် ဆင်းကစားရမှာ ဖြစ်ပါတယ်။ အိမ်ရှင်လန်းအသင်းက သရေအရှုံး ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးအပြည့်ရှုံးဖြစ်ပါတယ်။ ဆီးဗီးလား အနိုင်ရဖို့ လိုအပ်နေတာမှန်ပေမဲ့ အဝေးကွင်း မကောင်းသလို ခြေစွမ်းကျဆင်းမှုတွေကြောင့် ပြင်သစ် မြေမှာ ရုန်းကန်ရနိုင်ပါတယ်။ ခြေစွမ်းမကောင်းသလို အဝေးကွင်းဖြစ်နေတာကြောင့် အရှုံးနဲ့ အိမ်ပြန်ရဖို့ များပါတယ်။ အိမ်ရှင်လန်းစ်အသင်းကတော့ ခြေစွမ်းကောင်းတွေ ရလဒ်ကောင်းတွေ ဆက်တိုက်ရနေပြီး ခြေမှန်နေတဲ့ အသင်းဖြစ်ပါတယ်။ အိမ်ကွင်းမှာ အနိုင်ကန်ဖို့ ကြိုးစားလာမဲ့ အိမ်ရှင်လန်းစ်ကို ရွေးချယ်ထားချင်ပါတယ်။
◾ ကိုပင်ဟေဂင် Vs ဂါလာတာစာရေး
ငါးမှတ်စီရထားတဲ့ နှစ်သင်းဖြစ်သလို အနိုင်ရတဲ့ အသင်းက အုပ်စုတက်မှာ ဖြစ်ပါတယ်။ မန်ယူအသင်း ဘိုင်ယန်မြူးနစ်ကို အနိုင်ရခဲ့ပြီး သူတိုနှစ်သင်း သရေကျရင် နှစ်သင်းလုံး အုပ်စုမတက်ဘဲ ကျန်ခဲ့မှာ ဖြစ်ပါတယ်။ ဂါလာတာစာရေး အသင်းအနိုင်ရဖို့ ကြိုးစားလာမှာဖြစ်သလို ကိုဂင်ဟေဂင်ကလည်း အိမ်ကွင်းမှာ အနိုင်ကန်ဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ တိုက်စစ်ကောင်းသလို ဖွင့်ကစားလာမဲ့ နှစ်သင်း ဖြစ်တဲ့အတွက် အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ပါတယ်။ တစ်ဖက်တစ်ဂိုးစီ သေချာနေသလို အရှုံးအနိုင်ပေါ် အောင် ကစားကြမှာဖြစ်တဲ့အတွက် ဂိုးပေါင်းအပေါ် တစ်မျိုးတည်းကို ရွေးချယ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။
◾ မန်ယူ Vs ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ်က အုပ်စုပထမနေရာနဲ့ အုပ်စုတက်ပြီးသားဖြစ်လို့ ဒီပွဲစဉ်က အရေးသိပ်မကြီးတော့ပါဘူး။ မန်ယူအသင်း အနေနဲ့ အိမ်ကွင်းအနိုင်ကန်ထားဖို့ လုံးဝလိုအပ်သလို ချန်ပီယံလိပ်အုပ်စု မတက်ရင်တောင် ယူရိုပါလိဂ် ဆင်းကစားရဖို့ ရှိနေသေးတာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ပြားလေးဆယ် အရှုံးပေးထားတာ ဖြစ်တဲ့အတွက် သရေကျရင်တောင် မန်ယူအသင်း ကြေးစားရဦးမှာ ဖြစ်ပါတယ်။ ဘိုင်ယန်အသင်း အမှတ်မလိုတာကြောင့် ထိန်းကစားလာမှာဖြစ်ပေမဲ့ မန်ယူအသင်းကတော့ နိုင်ပွဲရအောင်ကြိုးစားလာမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အိမ်ရှင်မန်ယူအသင်း မရှုံးနိုင်ဘူးလို့ ယူဆတဲ့အတွက် မန်ယူအသင်းကို ရွေးချယ်ထားချင်ပါတယ်။
◾ နာပိုလီ Vs ဘရာဂါ
နည်းပြအပြောင်းအလဲ လုပ်ထားတဲ့ နာပိုလီ ခြေစွမ်းကောင်း မပြသနိုင်သေးသလို ရလဒ်တွေ ဆိုးရွားနေပါတယ်။ ပေါ်တူဂီကလပ် ဘရာဂါအသင်း ခြေစွမ်းကောင်းတွေ ရလဒ်ကောင်းတွေ ရယူထားနိုင်တာ တွေ့ရပါတယ်။ နာပိုလီ တစ်ဂိုးသွင်းရင်တောင် ပြားနှစ်ဆယ်လောက် အရှုံးပေးထားတာ ဖြစ်ပါတယ်။ ဘရာဂါအသင်း ယူရိုပါလိဂ် ဆင်းကန်ရဖို့ သရေတစ်မှတ်လောက် လိုအပ်နေတာ ဖြစ်ပါတယ်။ အိမ်ရှင်နာပိုလီအသင်း သရေကျရင်တောင် ချန်ပီယံလိဂ် အပ်စုတက်မှာဖြစ်လို့ ခြေစွမ်းကျဆင်းနေချိန်မှာ ကစားရ ခက်ခဲနိုင်ပါတယ်။ ဒီပွဲမှာ သရေကျသွားနိုင်သလို နာပိုလီအသင်း နိုင်ခဲ့ရင်တောင် ဂိုးပြတ်အနိုင်ရသွားမထင်ပါဘူး။ အဝေးကွင်း ဘရာဂါကို ရွေးချယ် ထားချင်ပါတယ်။
◾ ယူနီယံ ဘာလင် Vs ရီးရဲမက်ဒရစ်
ရီးရဲမက်ဒရစ် အုပ်စုတက်ပြီးသားဖြစ်လို့ ဒီပွဲမှာ လူငယ်ကစားသမားတွေ အသုံးပြုလာနိုင်ပါတယ်။ ယူနီယံဘာလင်အသင်းကတော့ အနိုင်ရခဲ့မယ်ဆိုရင် ယူရိုပါလိဂ် ကစားရဖို့ အခွင့်အရေး ရှိနေသေးတာဖြစ်ပါတယ်။ ရီးရဲအသင်း လူငယ်ကစားသမားတွေ အရံတွေနဲ့ ပွဲထွက်လာနိုင်လို့ ထိန်းကစားလာမှာ ဖြစ်သလို ယူနီယံဘာလင် အသင်းအနေနဲ့ သူတို့ထက် တစ်ဆင့်မြင့်တဲ့ ရီးရဲအသင်းကို အနိုင်ရဖို့ မလွယ်ကူပါဘူး။ ရီးရဲအသင်း သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး လေးဆယ်စားရမှာ ဖြစ်ပါတယ်။ ဘော်ဒီကြေးအရ သရေကျသွားနိုင်သလို ရီးရဲအသင်းလဲ ကပ်ပြီးတော့ အနိုင်ရသွားနိုင်ပါတယ်။ အမှတ်မလိုတဲ့ ရီးရဲအသင်း ထိန်းကစားလာနိုင်လို့ အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ ခက်ခဲနိုင်ပါတယ်။ အများဆုံး သုံးဂိုးလောက်သာ ဖြစ်နိုင်ပြီး လေးဂိုး မရောက်နိုင်ပါဘူး။ ဂိုးပေါင်းအောက် တစ်မျိုးတည်းကို ရွေးချယ် ထားချင်ပါတယ်။
◾ အင်တာမီလန် Vs ဆိုစီဒက်
အုပ်စုတက်ပြီသား နှစ်သင်းဖြစ်သလို အကောင်းဆုံး ခြေစွမ်းပြနေတဲ့ နှစ်သင်းဖြစ်ပါတယ်။ အုပ်စုပထမနဲ့ ဒုတိယနေရာအတွက် အပြိုင်လုကြဦးမှာဖြစ်လို့ စိတ်ဝင်စားဖို့ ကောင်းနေသေးတာဖြစ်ပါတယ်။ ဆိုစီဒက်အသင်း အနေနဲ့ သရေကျရင်တောင် အုပ်စုတက်မှာဖြစ်လို့ ထိန်းကစားလာနိုင်ပါတယ်။ အိမ်ရှင် အင်တာမီလန်အသင်း တစ်လုံးလေးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးအရှုံးဖြစ်ပါတယ်။ နှစ်သင်းလုံး ခံစစ် ကောင်းကြသလို အဝေးကွင်းဆိုစီဒက်အသင်း ထိန်းကစားလာဖို့ ရှိတာကြောင့် အပြန်အလှန် သွင်းဂိုးတွေ မြင်ရဖို့ မရှိပါဘူး။ အများဆုံးရောက်ရင် နှစ်ဂိုးလောက်သာ ဖြစ်နိုင်လို့ ဂိုးပေါင်းအောက် တစ်မျိုးတည်းကို ရွေးချယ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။
◾ ဆဲလ်ဘတ် Vs ဘင်ဖီကာ
ယူရိုပါလိဂ် ဆင်းကစားရဖို့ နှစ်သင်းလုံး အခွင့်အရေး ရှိနေသေးတာ ဖြစ်ပေမဲ့ အဝေးကွင်း ဘင်ဖီကာ အသင်းအနေနဲ့ အနည်းဆုံး သုံးဂိုးပြတ် အနိုင်ရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဘင်ဖီကာ ပြားငါးဆယ် အရှုံးပေးထားသလို အနိုင်ရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဆဲလ်ဘတ်အသင်း ခြေစွမ်းကောင်းနေတဲ့ ဆိုပေမဲ့ ဘင်ဖီကာနဲ့ ယှဉ်ရင်တော့ တစ်ဆင့်နိမ့်တဲ့ အသင်းပါ။ ယူရိုပါလိဂ်ကစားရဖို့ နောက်ဆုံးပွဲမှာ ကြိုးစားလာမဲ့ ဘင်ဖီကာကို ရွေးချယ် ထားချင်ပါတယ်။