MT News
Written By A Thaung
မနေ့ညက ကစားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပထိပ်သီးအသင်းဖြစ်တဲ့ ဂျာမနီကို အာရှထိပ်သီးဂျပန်က အဝါကတ်မပါဘဲ သန့်သန့်ရှင်းရှင်းကစားပြီး အနိုင်ယူခဲ့ပါတယ်။
မနေ့ညကကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ ဆော်ဒီအသင်းတို့ပွဲစဉ်မှာ ဆော်ဒီအသင်းက အဝါကတ် ၆ ကတ်ရတဲ့အထိ လူချညစ်ပတ်ကစားပြီး အနိုင်ယူခဲ့လို့ အာရှအသင်းတွေအပေါ် ဝေဖန်ခံရချိန်မှာပဲ ဂျပန်က အားကစားစိတ်ဓါတ်အပြည့်အဝနဲ့ သန့်ရှင်းစွာကစားပြီး အနိုင် သုံးမှတ်ရရှိခဲ့တာပါ။
ပွဲစလို့ မိနစ် ၃၀ အတွင်းမှာ ဂျာမနီက ကစားကွက်အသာနဲ့ ကစားနေပြီး ပွဲချိန် ၃၃ မိနစ်အရောက်မှာတော့ ဂျာမနီတို့ ဦးဆောင်ဂိုးကို ပန်နယ်လ်တီက တစ်ဆင့်ရရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ ပန်နယ်လ်တီဂိုးကို ဂွန်ဒိုဂန်က ကန်သွင်းခဲ့တာက ဂျာမနီတို့ပွဲကိုဦးဆောင်နေခဲ့ပြီး ပွဲချိန် ၄၅ မိနစ်မှာ ဂျာမန်တိုက်စစ်မှူး ဟာဗက်ဇ်ရဲ့ဂိုးက လူကျွံဘောဖြစ်ခဲ့ပါတယ်။
ဒုတိယပိုင်းပွဲအစမှာလည်း ဂျာမန်တို့ကပွဲကို ကစားကွက်အသာစီး ပုံဖော်ကစားခဲ့ပြီး ပွဲချိန် ၇၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ဒိုအန်က ဂျပန်အတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။
သရေကျနေချိန်မှာ ဂျာမနီက အနိုင်ဂိုးရဖို့အတွက် ဖိကစားခဲ့ပေမယ့်လည်း အက်စ်စနိုရဲ့ ဦးဆောင်ဂိုးကြောင့် ဂျာမနီတို့ အာရှမြေမှာ ဒူးထောက်ခဲ့ရပါတယ်။
အခုပွဲမှာ ဂျာမနီက ကစားကွက်အသာနဲ့ ကစားခဲ့သလို ၉ ကြိမ်တိတိဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဂျပန်ကတော့ ဂိုးပေါက် ၄ ကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
အခုပွဲမှာ ဂျာမနီဝါရင့်ကစားသမား သောမတ်မူလာခြေစွမ်းမပြနိုင်သလို ဂေါ့ဇီကလည်း ပွဲချိန် ၇၉ မိနစ်ရောက်မှ လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။