October 19, 2024

◼️မြို့တော်ဒက်ကာ၌ ဘတ်စ်ကားတစ်စီး မီးရှို့ဆန္ဒပြ

၁၂. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အတိုက်အခံပါတီများ၏ လက်ရှိအစိုးရကို ဆန့်ကျင်သည့်ဆန္ဒပြပွဲများကို တစ်ဆင့်ပြီးတစ်ဆင့်ပြုလုပ်လျက်ရှိကြရာ အတိုက်အခံ ဘင်္ဂလားဒေ့ရှ်မျိုးချစ်ပါတီ (BNP) မှ တွဲဘက်အထွေထွေအတွင်း ရေးမှူး ရာဟူးလ် ကဘာ ရဇ်ဗီ ဦးဆောင်လျက် ပိတ်ဆို့ဆန္ဒပြမှုအဆင့် ၁၁ ၏ပထမနေ့အဖြစ် ဒီဇင်ဘာ ၁၂ ရက် နံနက် ၆ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း စတင်ခဲ့ကြကြောင်း သိရသည်။

အတိုက်အခံတို့၏ ဆန္ဒပြပွဲက လက်ရှိ အဝါမီပါတီအစိုးရနုတ်ထွက်ပေးရန်နှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်တွင် ကျင်းပရန်ကြေညာထားသော ရွေးကောက်ပွဲအချိန်ဇယားကို ဖျက်သိမ်းပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

မြို့တော်ဒက်ကာတွင် ဆန္ဒပြပွဲကို BNP ပါတီခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများက Bangla Motors အရပ်မှ Kawran Bazaar လမ်းဆုံသို့ နံနက် ၇ နာရီခန့်တွင် စတင်ချီတက်ခဲ့ကြသည်။ ရဇ်ဗီက ဆန္ဒပြပွဲတွင် “အစိုးရပြုတ်ကျရေးကြိုးပမ်းမှုကို လက်နက်နဲ့တိုက်ခိုက်ပြီး၊ မှားယွင်းတဲ့အမှုတွေနဲ့လိမ်ညာ ဖမ်းဆီးအပြစ်ပေးပြီး တားဆီးလို့ရမှာမဟုတ်ဘူး။ နိုင်ငံတွင်းကပြည်သူတွေက စိတ်ဝမ်းကွဲမှုဖြစ်စေမှုနဲ့ ဟန်ပြရွေးကောက်ပွဲကျင်းပမှုကိုလည်း လက်ခံမှာမဟုတ်ဘူး” ဟု ပြောခဲ့သည်။

၎င်းက ရဲတပ်ဖွဲ့အနေနှင့် အတုအယောင်အမှုများဖွင့်လှစ်ကာ အချို့တရားသူကြီးများဆိုလျှင် အဓိပ္ပါယ်မရှိသောခုံရုံးများဖြင့် စီရင်ချက်များချနေကြကြောင်းလည်း ပြောခဲ့သည်။

ပိတ်ဆို့ဆန္ဒပြမှုများကို BNP ပါတီနှင့် အခြားသော ၎င်း၏အတိုက်အခံမဟာမိတ်ပါတီများက အောက်တိုဘာ ၃၁ ရက်မှစ၍ အဆင့်လိုက်ပြုလုပ်လာခဲ့ကြခြင်းဖြစ်သည်။ ယခု ပိတ်ဆို့ဆန္ဒပြမှုအဆင့် ၁၁ ကို ဒီဇင်ဘာ ၁၂ ရက်၊ နံနက် ၆ နာရီမှစတင်ကာ ဒီဇင်ဘာ ၁၃ ရက် ညနေ ၆ နာရီထိ ၃၆ နာရီကြာ ပြုလုပ်သွားကြမည်ဟု သိရသည်။

ဒီဇင်ဘာလ ၁၂ ရက် နံနက်က ပိတ်ဆို့ဆန္ဒပြမှု အဆင့် ၁၁ စတင်ခဲ့ပြီးနောက် မြို့တော်ဒက်ကာ၏ လူစည်ကားရာ အရောင်းအဝယ်နယ်မြေဖြစ်သော ဂူလီစတန်တွင် ဘတ်စ်ကားတစ်စီး မီးရှို့ခံခဲ့ရကြောင်းသိရသည်။

Ref—–=-=-Dhaka Tribune, Daily Observer

Leave a Reply

Your email address will not be published. Required fields are marked *