October 19, 2024

၁၂.၁၁.၂၀၂၃
Written By Thandar

ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်လိုက်တာ တေးသီချင်းနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ တေးသံရှင် ချယ်ရီသင်းရဲ့ ပထမဦးဆုံး “ဒါ…..ချစ်လို့ပဲ”ခွေကိုအားပေးရတာ ထိုက်တန်အောင် တာဝန်ကျေချင်တာမို့ အတတ်နိုင်ဆုံး ကြိုးစားပြီး ဖန်တီးဖြစ်တယ်လို့ ရင်ဖွင့်လာပါတယ်။

ဒီ Music Video Album ဒီနေ့ ဒီဇင်ဘာ ၁၂ ရက်မှာ ပရိသတ်လက်ထဲကို YouTube Online ကတစ်ဆင့်ပေး လိုက်ပြီလည်း ဖြစ်ပါတယ်။

“ချယ့်ရဲ့ ပထမဆုံး ဒါ…..ချစ်လို့ပဲ Album လေးထွက်တာမို့ ခံစားချက်က ပျော်တယ်။ ချယ် ဒီခွေလေးတစ်ခုကို လုပ်နိုင်ခဲ့ပြီဆိုတဲ့ ပီတိလေးဖြစ်တယ်။ ဒီ Album ထွက်ဖို့ကို အခက်အခဲတွေအများကြီးပဲ။ တင်သည်အထိအောင် အခက်အခဲတွေ အရမ်းများတယ်။ ဒီခွေထွက်ဖြစ်တာက ချယ် အိပ်မက်ဆုံရာပြိုင်ပွဲက အားပေးလာတဲ့သူတွေ အားပေးရကျိုးနပ်တယ်။ ချယ်အားပေးရတာ ထိုက်တန်အောင် တာဝန်ကျေချင်တာမို့ အတတ်နိုင်ဆုံး ကြိုးစားပြီး ဒီခွေလေးဖန်တီးဖြစ်တာပါ။ ”လို့ တေးသံရှင် ချယ်ရီသင်းက MTNews Entertainment ကို ပြောပါတယ်။

အဆိုပါ သီချင်းခွေမှာတော့ ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဥ်သစ်ဖြစ်တဲ့ အရက်သမားလို မခေါ်ပါနဲ့ ၊ လွမ်းရဦးမယ်….ဆောင်း ၊ မောင်နဲ့သာဆိုရင် ၊ The Trauma Of Love ၊ ဒါ…ချစ်လို့ပဲ တို့ ၅ ပုဒ်ပါဝင်တာ ဖြစ်ပါတယ်။ “ဒါ…..ချစ်လို့ပဲ” သီချင်းခွေ Promotion ပွဲကိုတော့ မန္တလေးမြို့မှာ ကျင်းပသွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

“ ဒီ Album တခုလုံး ကိုယ့်ဘာသာဥာဏ်မှီသလောက် ရေးထားပါတယ်။ ကိုယ်က တေးရေးဆရာ တစ် ယောက်မဟုတ်တော့ လိုအပ်ချက်တွေရှိသေးတယ်။ လိုအပ်ချက်ရရှိရင် နားလည်ပေးပါဦးလို့။ Pomo တင်ထားချိန်မှာ ချယ် ပရိသတ်တွေက သဘောကျကြတယ်။ Music Video လေးတွေကို ချယ်သေချာလေးရိုက်ထားပါ တယ်။ မင်းသား ဗညားဘုန်းပြည့်က ကျိုက်ထီးရိုး အထိ တကူးတက အပင်ပန်းခံလိုက်ရိုက်ပေးတယ်။ မောင် လေး ခန့်ကျော် ပရိသတ်တွေမြင်တွေ့နေကျမဟုတ်တဲ့ ပုံစံမတူအောင် ရိုက်ကူးထားတယ်။ ကိုမိုးစက်လည်း အ များကြီးကူညီပေးကြတယ်။ ချယ်ရဲ့ ဒီခွေလေးကို အားပေးနားဆင်ပြီး ဝေဖန်အကြံပြုပေးပါဦး”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *