October 19, 2024

၁၂. ၁၂. ၂၀၂၃
Written by Nay Moe

လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ထီးလှိုင်ရှင်အိမ်ရာအနီး၊ ရုံးရှေ့မှတ်တိုင်မှတ်တိုင်နားက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံး လှိုင်သာယာ (အရှေ့ပိုင်း) ရုံးကို မနေ့က မွန်းလွဲ ၁ နာရီ ၅၀ အချိန်လောက်က DarkShadow နဲ့ မဟာမိတ် (GOD) ၊ မြို့ပြတော် လှန်ရေးအင်အားစုတို့ ပူးပေါင်းပြီး အဝေးထိန်းစနစ်အသုံးပြု ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီရုံးခန်းက ပျု(ပြည်သူ့စစ်)နဲ့ အုပ်ချုပ်ရေးမှူး အရပ်ဝတ်အသွင်ယူသူတွေ အမြဲစုစည်းတွေ့ဆုံ ရုံးထိုင်ရာဖြစ်ပြီး PDF တွေကို အစဥ်တစိုက် အန္တရာယ်ပေးခဲ့တဲ့သူတွေ စုဝေးရှိနေတာကြောင့် စစ်ရေးပစ်မှတ်အနေနဲ့ သတ်မှတ်ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ပျူနဲ့ အုပ်ချုပ်ရေးမှုး အရပ်ဝတ်အသွင်ယူသူတွေ စုစည်းရာ အဆောက်အဦတွေအနီးကို သွားလာတာကို ရှောင်ရှားကြဖို့နဲ့ အခုလိုဖြစ်စဥ်တွေ မိမိတို့ ရောက်ရှိရာအနီးတဝိုက်မှာ ဖြစ်ပေါ်လာရင် လုံခြုံစိတ်ချရတဲ့ နေရာတွေကသာ စောင့်ကြည့်ကြဖို့ DarkShadow အဖွဲ့က ထုတ်ပြန်ချက်မှာ မေတ္တာရပ်ခံထားပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ နယ်မြေသတင်းတွေအရ အင်းစိန်ခရိုင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် (၈)ရပ်ကွက် ပုဂံလမ်းနဲ့ မကွေးလမ်းထောင့်ရှိ မြို့နယ်ပြည်ခိုင်ဖြိုးရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံ ရေး ပူးပေါင်းအဖွဲ့ကသွားရောက်စစ်ဆေးခဲ့ရာမှာ မြို့နယ်ပြည်ခိုင်ဖြိုးရုံး ခြံစည်းရိုးဘေး ရေမြောင်းအစပ်မှာ အသံမိုင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာတွေ့ရပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိဘဲ မြို့နယ်ပြည်ခိုင်ဖြိုးရုံးခြံစည်းရိုးအဖြစ် ကာရံထားတဲ့သွပ်ပြားအဟောင်း ၃ ချပ် (တန်ဖိုးငွေ ၉,၀၀၀ ကျပ်ခန့်)ပျက်စီးသွားခဲ့တဲ့အတွက် အသံမိုင်းဖောက်ခွဲသွားသူတွေကို ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *