October 19, 2024

၁၂. ၁၂. ၂၀၂၃
Written by Nyein Kyaw

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံသားကုမ္ပဏီများအား မကြာမီ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း မြန်မာအထူးစီးပ္ပားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးက ဒီဇင်ဘာ ၁၁ ရက်တွင် ပြုလုပ်သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးတွင် ပြောကြားသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် နိုင်ငံသားကုမ္ပဏီများ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် အစိုးရအသိအမှတ်ပြုကုမ္ပဏီစု (Government Designated Entity Consortium) ဖွဲ့စည်းနိုင်ရေး နိုင်ငံပိုင်သတင်းစာများတွင် စိတ်ဝင်စားမှုအဆိုပြုလွှာကြေညာ ဖိတ်ခေါ်ခဲ့ပြီးဖြစ်၍ အဆိုပြုလွှာတင်သွင်းလာသည့် ကုမ္ပဏီများကို စိစစ်ရွေးချယ်သည့်လုပ်ငန်းစဉ်များ မကြာမီဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အကောင်အထည်ဖော်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်း၌ ပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံဘက်မှ အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများပါဝင်သည့် (Myanmar GDE Consortium) ကို ဒေါ်လာငါးသန်း ထည့်ဝင်နိုင်မည့် မြန်မာကုမ္ပဏီများဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ (စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန) မှ နိုဝင်ဘာ ၄ ရက်တွင် ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *