October 20, 2024

၁၂. ၁၂. ၂၀၂၃
Written by Nay Moe

ပစ်ခတ်သ-ဖြ-ပြီးနောက် သုသာန်တွင် စွန့်ပစ်ထားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ ရုပ်အလောင်းများအား မတ္တရာနှင့် စလင်းမြို့နယ် သုသာန်များတွင် တွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်များမှာ ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ လက္ကောင်းကြီး ကျေးရွာ၏ သုသာန်၌ ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် အသက်(၄၅)နှစ်ခန့်ရှိ အမျိုးသား တစ်ဦး(စိစစ်ဆဲ)အား ဦးခေါင်းနှင့် ရင်အုံတို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ သေဆုံးသူအား မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ ညနေ ၄ နာရီ ၄၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကန်တော်ကျေးရွာ၏ အနောက်ဘက် သုသာန်ဇရပ်ပေါ်၌ အမျိုးသမီး ၁ ဦးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စလင်းမြို့၊ ဈေးမရပ်ကွက်နေ ဒေါ်လဲ့လဲ့စိုး(၅၅)နှစ်အား ဦးခေါင်းနောက်စေ့ကွဲအက်ဒဏ်ရာ၊ ဝဲပါးပေါက်ပြဲဒဏ်ရာ၊ ဝဲပုခုံးကျည် ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ သေဆုံးသူအား ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်တွင် ဒေါ်လဲဲ့လဲ့စိုးမှာ ယင်းနေ့ ၁၂ နာရီခွဲခန့်က အပြင်သွားမည်ဆိုကာ နေအိမ်မှထွက်ခွာသွားအပြီးနောက် ထိုသို့သ-ဖြ-ခံရခြင်းဖြစ်ကြောင်းနှင့် ထိုဖြစ်စဥ်များကို တာဝန်ရှိသူများက အမှုဖွင့်လှစ်စုံစမ်းနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *