October 23, 2024

၂၃.၁၁.၂၀၂၂
Written By A Thaung

ယနေ့နံနက်ပိုင်းက ကစားခဲ့သည့် ဩ‌စတြေးလျနှင့် ပွဲစဉ်တွင် ပြင်သစ်နောက်တန်းကစားသမား လူးကပ်စ် ဟာနန်ဒက် ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့သောကြောင့် လက်ရှိချန်ပီယံအသင်းတွင် ဒဏ်ရာရကစားသမား ထပ်တိုးလာခဲ့သည်။

ပွဲကစားချိန် ၁၃ မိနစ်တွင် ဒူးဒဏ်ရာရရှိခဲ့သည့် ဟာနန်ဒက်သည် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင်သာမက လာမည့် ၂၀၂၂-၂၃ ဘောလုံးရာသီ၌လည်း လွဲချော်နိုင်ကြောင်း အသင်းဆရာဝန်က အတည်ပြုပြောဆိုသည်။

ပြင်သစ်အသင်းသည် ပဏာမလူစာရင်း ရွေးချယ်ပြီးနောက်တွင် ဘန်ဇီမာအပါအဝင် ကစားသမားသုံးဦးဒဏ်ရာရရှိခဲ့ပြီးနောက် ဟာနန်ဒက်မှာ လေးဦးမြောက်ဒဏ်ရာရ ကစားသမားဖြစ်လာခဲ့သည်။

ဟာနန်ဒက်ဒဏ်ရာရရှိခဲ့သည့်ပွဲတွင် ပြင်သစ်က နောက်ကျသွင်းဂိုး လေးဂိုးဖြင့် ဩစတြေးလျကို အနိုင်ရရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *