October 23, 2024

ဖမ်းဆီးမိသူ အောင်ထွန်းမင်းနှင့် သယ်ဆောင်လာသည့် မူးယစ်ဆေးများကို တွေ့ရစဥ်

၂၃. ၁၁. ၂၀၂၂
Written by Thi Ha

ဆိုင်ကယ်တစ်စီးကို တားဆီးစစ်ဆေးရာ တစ်ဦးထွက်ပြေးသွားပြီး ကျန်ခဲ့သူထံမှ ကျပ် သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိသည့် စိတ်ပြောင်း (ကတ်တမင်း)ဆေးဝါးများ ဖမ်းဆီးရမိခဲ့မှု နိုဝင်ဘာလ ၂၂ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် နိုဝင်ဘာ ၂၂ ရက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ၁၆ မိုင်ပူးပေါင်း စစ်ဆေးရေးစခန်းအနီးတွင် ကောင်းကျော် မောင်းနှင်ပြီး အောင်ထွန်းမင်း (ခ) အောင်ကြီး စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား စစ်ဆေးရှာဖွေရန် ရပ်တန့်ခိုင်းစဉ် ကောင်းကျော်မှာ မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားပြီး အောင်ထွန်းမင်း (ခ) အောင်ကြီး အားစစ်ဆေးရာ ၎င်းတို့တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ကက်တမင်း အလေးချိန် ၂၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၀၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

သို့ဖြစ်၍ အောင်ထွန်းမင်း(ခ)အောင်ကြီး(၁၈)နှစ်နှင့် ထွက်ပြေးသွားသူ ကောင်းကျော်တို့အား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသေ ာဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *