October 19, 2024

၉. ၁၂. ၂၀၂၃
Written by Nay Aung

SAC အစိုးရသည် စင်ကာပူနိုင်ငံတွင် နေထိုင်နေသည့် စင်ကာပူ PRs ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားအချို့၏ နိုင်ငံကူးပတ်စ်ပိုစ့်များကို ပြန်လည်ရုတ်သိမ်းမှုများ လုပ်ဆောင်နေကြောင်း စင်ကာပူအခြေစိုက်မီဒီယာ The Straits Times တွင် ဖော်ပြထားသည်။

စင်ကာပူ နိုင်ငံတွင်နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ဒေါ်မေကျော် ဆိုသူက “ကျွန်မဟာ သြဂုတ်လတုန်းက ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုသွားခဲ့တယ်။ သူငယ်ချင်းတွေကို တွေ့ဆုံဖို့ ဘန်ကောက်လေဆိပ်ကို လေယာဉ်နဲ့သွားခဲ့တာပါ။ လူဝင်မှုကြီးကြပ် ရေးဌာနကို ဖြတ်သန်းချိန်မှာ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ကျွန်မရဲ့ ပတ်စ်ပိုစ့်က တရားမဝင်ဘူးလို့ ပြောခဲ့ပါတယ်။ ကျွန်မဟာ ပတ်စ်ပိုစ့်သက်တမ်းကို ၂၀၂၂ ခုနှစ်က သက်တမ်းတိုးခဲ့တယ်။ ကျွန်မရဲ့ပတ်စ်ပိုစ့် သက်တမ်းဟာ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်တယ်” ဟု ပြောသည်။

အသက် ၅၀အရွယ်ရှိ ဒေါ်မေကျော်သည် ၂၀၀၈ ခုနှစ်တည်းက စင်ကာပူနိုင်ငံတွင်နေထိုင်ပြီး ပင်နီဆူလာ ပလာဇာတွင် ဆိုင်ဖွင့်ထားသူဖြစ်ကြောင်း သိရသည်။ ဒေါ်မေကျော်သည် နစကမှ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စ် ပြန်ရုတ်သိမ်းခဲ့သော စင်ကာပူ PRs ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားအနည်းဆုံး သုံးဦးထဲတွင် ပါဝင်နေကြောင်း သိရသည်။

စင်ကာပူ အလုပ်သမားဝန်ကြီးဌာနအပြင် လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးအာဏာပိုင်များအဖွဲ့ (ICA) တို့က စင်ကာပူနိုင်ငံတွင် ကာလအတန်ကြာနေထိုင်ခွင့် ခွင့်ပြုချက်ကို ကိုင်ဆောင်ထားသူများနှင့် အမြဲတမ်းနေထိုင်ခွင့်ရှိထားသူများနေဖြင့် ခရီးသွားခွင့် စာရွက် စာတမ်း တရားမဝင်ခြင်းသည် စင်ကာပူနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်ခြင်းအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ပူးတွဲသတင်းထုတ်ပြန်ထားသည်။ စင်ကာပူ (ICA) နှင့် စင်ကာပူအလုပ်သမားရေးဝန်ကြီးဌာနတို့က စင်ကာပူနိုင်ငံတွင် နေထိုင်သူများအနေဖြင့် စင်ကာပူ အလုပ်သမားဝန်ကြီးဌာန သို့မဟုတ် စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးအာဏာပိုင်များအဖွဲ့ (ICA)ကထုတ်ပေးထားသည့် စာရွက်စာတမ်းများရှိနေရမည်ဖြစ်ကြောင်း၊ အခြားတစ်နိုင်ငံသို့ စင်ကာပူနိုင်ငံမှ သွားရောက်မည်ဆိုလျှင်လည်း နိုင်ငံကူးပတ်စ်ပို့စ် တရားမဝင်လျှင်ပင် အဆိုပါ အသိအမှတ်ပြုစာရွက်စာတမ်းများကို အသုံးပြုနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Ref; straitstimes

Leave a Reply

Your email address will not be published. Required fields are marked *