October 19, 2024

၉. ၁၂. ၂၀၂၃
Written By Thandar

သည်းထိတ်ရင်ဖို Horror Drama ပုံစံ “အစွဲကွန်ရက်” ဇာတ်လမ်းတွဲမှာ ယောက်ကျားကို အရမ်းချစ်တဲ့ သီတာဆိုတဲ့ အိမ်ထောင်ရှင်မကောင်း တစ်ယောက်နေရာက မြင်တွေ့ရမှာပါလို့ သရုပ်ဆောင် ရှင်မင်းဆက်က ပြောပါတယ်။

“ဒီဇာတ်လမ်းတွဲမှာ ယောက်ျားကိုအရမ်းချစ်တဲ့ သီတာဆိုတဲ့ အိမ်ထောင်ရှင်မကောင်း တစ်ယောက်အနေနဲ့ မြင်တွေ့ရမှာပါ။ ရှေ့မှာလည်း တစ်ခါမှ ဒီလိုကာရိုက်တာမျိုး သရုပ်မဆောင်ဖူးဘူး။ ယောက်ျားကို အရမ်းချစ်ပြီး အစွဲအလန်းကြီးသူပေါ့။ ကာရိုက်တာနဲ့ လိုက်ဖက်တယ်လို့ ထင်ပါတယ်။ ဒီကာရိုက်တာက တခါမှမရိုက်ဖူးဘူး။ သရဲဒရာမာ ဇာတ်လမ်းကိုမှ Series အနေနဲ့ ပထမဦးဆုံး ရိုက်ကူးဖြစ်တာပါ”လို့ သရုပ်ဆောင် ရှင်မင်းဆက် က MTNews Entertainment ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-09_14-20-22-683x1024.jpg

အစွဲကွန်ရက်မှာ ဇာတ်လမ်း ခင်မြတ်နိုး ၊ ဇာတ်ညွှန်းကိုတော့ မယ်ခိုင် ၊ အေးစန္ဒာဝင်း ၊ ရီရီကျော် တို့က ရေးသားပြီး ဒါရိုက်တာ ဟိန်းကိုကို အပြင် လက်ထောက် ဒါရိုက်တာ ကောင်းခန့်ဦးတို့က သရုပ်ဆောင် သာထက်ဉာဏ်ဇော် ၊ ရန်လင်းအောင် ၊ ရှင်မင်းဆက် ၊ ဝိုင်းရွှေရည် ၊ မေမြန်မာ ၊ မင်းခန့်ညီ ၊ ထူးပြည့်အောင် ၊ ထူး ၊ ဝေယံထက် ၊ မှူးသခင်ကို ၊ ကိုကိုခန့် ၊ အကယ်ဒမီ ဇော်ဦး ၊ သင်ဇာဝင်းပြည့် ၊ သန်းသန်းဆင့် စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူးထားပါတယ်။

“ဗိုက်ကြီးသည် ကာရိုက်တာဆိုတော့ ခေါင်းအစ ခြေအဆုံး ပုံစံတွေပြောင်းထားရတာမို့ တော်တော်လေးကို ခက်တယ်။ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတွေ သေချာလေ့လာပြီးမှ အကောင်းဆုံး ကြိုးစားပုံဖော်ထားပါတယ်။ ကိုယ့်အတွက် ကိုယ်ဝန်ဆောင်သည် အမျိုးသမီးမို့ သွားရ လာရ ထိုင်ရ ထရတာကအစ ဒီအပိုင်းတွေ အရင် ပုံမှန် ရိုက်နေကျ ကာရိုက်တာထက် နှစ်ဆလောက် ပိုအပင်ပန်းခံကြိုးစားထားပါတယ်” လို့ သူမကဆက်ပြောပါတယ်။

“အစွဲကွန်ရက်” ဇာတ်လမ်းတွဲကို လာမယ့် ဒီဇင်ဘာ ၂၃ ရက်မှာ MRTV -4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *